နေပြည်တော်၊ မတ် ၂၉
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-25 ဘောလုံးပြိုင်ပွဲ(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင်း နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးကြပြီး ဆုများပေးအပ်ချီး မြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အားကစားအသင်းများအလိုက် အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင် များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-25 ဘောလုံးပြိုင်ပွဲ(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ကချင်ပြည်နယ် အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း တို့ယှဉ်ပြိုင် ကစားကြရာ အဆိုပါအသင်းများသည် ဗိုလ်လုပွဲသို့တက်ရောက်လာကြသည့် အသင်းများ ဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖိအားပေး အကြိတ်အနယ် ယှဉ်ပြိုင် ခဲ့ကြသော်လည်း သာမန်ပွဲကစားချိန် ပြီးဆုံးသည်အထိ ဂိုးမရရှိခဲ့ဘဲ သရေရလဒ်ထွက်ပေါ် ခဲ့သောကြောင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အချိန်ပို ပွဲကစားချိန် ၄ မိနစ် တွင် ရန်ကုန်တိုင်းဒေသကြီး အသင်းက ဦးဆောင်ဂိုးရရှိခဲ့သည်။ ယင်းနောက် ကချင် ပြည်နယ်အသင်းက ချေပဂိုးပြန်လည်ရရှိနိုင်ရေးအကြိတ်အနယ်ထိုးဖောက်တိုက် စစ်ဆင် ခဲ့ရာ ပွဲကစားချိန် ၂၄ မိနစ်တွင်ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကာ ပင်နယ်တီအဆုံးအဖြတ် ရယူခဲ့ရသည်။ ပင်နယ်တီအဆုံး အဖြတ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
#News






No comments:
Post a Comment