ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသော Vladimir Vladimirovich Putin ထံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသော Vladimir Vladimirovich Putin ထံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့


နေပြည်တော်၊ မတ် ၂၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲကို မတ်လ ၁၅ ရက်မှ ၁၇ ရက်ထိ ပြုလုပ်ခဲ့ပြီး သမ္မတလောင်း ၄ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ  မဲရေတွက်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီးချိန်တွင် Vladimir Vladimirovich Putin က ၈၇ ဒဿမ ၂၈ ရာခိုင်နှုန်း၊ Nikolai Mikhailovich Kharitonov က ၄ ဒဿမ ၃၁ ရာခိုင်နှုန်း၊  Vladislav Andreevich Davankov က ၃ ဒဿမ ၈၅ ရာခိုင်နှုန်း၊ Leonid Eduardovich Slutskyက ၃ ဒဿမ ၂၀ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ပြီး Vladimir Vladimirovich Putin က ပြတ်သားသည့် မဲရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ထိုသို့ အနိုင်ရရှိသွားသော Vladimir Vladimirovich Putin ထံသို့ မြန်မာနိုင်ငံ မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်ဟု ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မီဒီယာများဖြစ်ကြသည့် TASS သတင်းဌာန၊ Izvestiya သတင်းဌာန၊ Moscow-24 သတင်းဌာန၊ Arguments and Facts သတင်းစာ၊ Kommersant သတင်းစာ၊ Krasnaya Vesna သတင်းအေဂျင်စီနှင့် Vedomosti အင်တာနက်သတင်း စာမျက်နှာတို့၌ မတ်လ ၁၈ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်း သတင်းရရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)