အမ်း၊ ဧပြီ ၁၁
ရခိုင်ပြည်နယ် အမ်းမြိုနယ်အတွင်းရှိ AA အကြမ်းဖက်အဖွဲ့၏ တည်နေရာအား ယမန်နေ့က လေကြောင်းဖြင့် ကြိုတင်ပစ် ခတ်ချေမှုန်းခဲ့ရာ AA သောင်းကျန်းသူများ အလောင်းများအား ဆွဲယူ၍ ဆုတ်ခွာထွက်ပြေးသွားပြီး ရန်သူ့ ပင်မကုန်းနေရာအား ရောက်ရှိရှင်းလင်းစဉ် လက်နက်/ခဲယမ်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းဆောင်ရွက်မှုအတွင်း လက်နက် ၅ လက်၊ ကျည်အိမ် ၅ ခု၊ ကျည်မျိုးစုံ ၁၃၀၆ တောင့်၊ စက်လက်ပြောင်းပို ၁ ခု၊ -ကျည်ခါးပတ် ၂ ခု၊ ကျည်ကာဦးထုပ် ၂ လုံး၊ ဒုံးသီး ၅ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ အမ်းမြို့ရှိ တပ်စခန်းများအား တိုက်ခိုက်ရန် AA အကြမ်းဖက်အဖွဲနှင့် ပူးပေါင်းအဖွဲများ အခိုင်အမာခြေကုပ်ယူထားသည့် မြို့အနောက် မီတာ ၄၅၀၀ အကွာ ကျောက်နက်တောင် စခန်းကုန်းအား တပ်မတော်စစ်ကြောင်းများမှ တိုက်စစ်ဖွင့် သွားရောက်ရှင်းလင်းတိုက်ခိုက်လျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်း ၂ နာရီခွဲအချိန်တွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ AA အကြမ်းဖက်အဖွဲ့ ဆုတ်ခွာထွက်ပြေးရာ လမ်းကြောင်းအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့် AA အကြမ်းဖက်အဖွဲ့ထံမှ အလောင်း/ လက်နက်များ များစွာရရှိထားကြောင်း သိရသည်။
ထို့အပြင် မြေပုံမြို့နှင့် အမ်းမြို့ကြားရှိ တပ်စခန်းတစ်ခုအား AA အကြမ်းဖက်အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းမှစ၍ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ ညပိုင်း ၇ နာရီခန့်က မောင်တော - ဘူးသီးတောင် လမ်းကြောင်း လုံခြံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းမှ AA အကြမ်းဖက်အဖွဲ့များ ရောက်ရှိနေသည့်နေရာအား သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး AA အကြမ်းဖက်အဖွဲ့များ ထိုနေရာမှ ထွက်ပြေးသွားကြောင်းနှင့် အဆိုပါနေရာများမှလွဲ၍ ရခိုင်ပြည်နယ်အတွင်း မည်သည့်နေရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။
#News
No comments:
Post a Comment