ဒိုက်ဦးမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရာမှ လွတ်မြောက်သည့် အကျဉ်းသား/သူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရာမှ လွတ်မြောက်သည့် အကျဉ်းသား/သူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပ



ဒိုက်ဦး ၊ ဧပြီ ၁၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၀/၂၀၂၄)အရ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ဗဟိုအကျဉ်းထောင်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ဗဟိုအကျဥ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအနက် လွတ်မြောက်သည့် အကျဉ်းသား (၄၃)ဦး၊ အကျဉ်းသူ(၅)ဦး၊ ပေါင်း(၄၈)ဦးတို့အား အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟထွဋ်၊ ဒိုက်ဦးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝေယံကျော်၊ ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းထွန်းဝင်း၊ သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး မျိုးထွန်းလှိုင်နှင့် အေးသုခနယ်မြေရဲစခန်းမှူး ရဲအုပ် လှိုင်ထွေးအောင်တို့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးမင်းသီဟ၊ တက်ရောက်ခဲ့ပြီး တာဝန်ခံအရာရှိနှင့် တာဝန်ရှိသူများမှ ဆုံးမစကားပြောကြားခဲ့ပြီး ၁၁ နာရီအချိန်တွင် အကျဉ်းသားလွတ်မြောက်မှု ပြီးစီးခဲ့‌ကြောင်း သိရသည်။

ဆက်လက်၍အကျဉ်းဦးစီးဌာန၊ ကျိုက်စကောစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများအနက် လွတ်မြောက်သည့်အကျဉ်းသား (၂၂)ဦးတို့အား နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် စိုက်မွေးစခန်းမှ ရဲအပ်လွတ်ပေးခြင်းအခမ်းအနားအား ကျိုက်စကောစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ စခန်းတာဝန်ခံ ဦးစီးအရာရှိ ဦးသော်လှိုင်ထွန်း၊ တာဝန်ခံအရာရှိနှင့် တာဝန်ရှိသူများမှ ဆုံးမစကားပြောကြားခဲ့ပြီး ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် အကျဉ်းသားလွတ်မြောက်မှုပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)