ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် ဆီထွက်သီးနှံ နွေနှမ်း ၄၃၂၉၇ ဧက စိုက်ပျိုးပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် ဆီထွက်သီးနှံ နွေနှမ်း ၄၃၂၉၇ ဧက စိုက်ပျိုးပြီးစီး


ပွင့်ဖြူ   ၊    ဧပြီ     ၂၅

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် ပြည်သူ များ ဆီစားသုံးမှုဖူလုံစေရန် ရည်ရွယ်ပြီး မဲဇလီရေလွှဲဆည်ရေဖြင့် ဆီထွက်သီးနှံ နွေနှမ်းအား  ကြိုးပမ်း စိုက်ပျိုးလျက်ရှိရာ ယနေ့အထိ နွေနှမ်းစိုက်ဧက ၄၃၂၉၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ သတ်မှတ်လျာထား ဧကထက် ကျော်လွန်စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံနွေနှမ်းစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၃၇၃၄၈ ဧက စိုက်ပျိုးရန်လျာထားရှိရာ ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီဆည်ရေသောက် တောင်မုန်းမြောင်းမကြီး စိုက်ပျိုးမြေဧရိယာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မတ်လဆန်းမှစပြီး စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် နွေနှမ်း စိုက်ဧက ၄၃၂၉၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ပွင့်ဖြူမြို့နယ်မှာ ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ နွေနှမ်းစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၃၇၃၄၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေဖို့ အတွက် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနဲ့ အခြားစိုက်ပျိုးရေးနဲ့ ဆက်စပ်တဲ့ဌာနတွေက ဝန်ထမ်းများ ပူးပေါင်းကာ တောင်သူတွေကို နွေနှမ်း စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေ ဖူလုံစွာ ရယူသုံးစွဲနိုင်ဖို့ ၊ စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှု မရှိအောင် စနစ်တကျ သုံးစွဲကြဖို့ ၊ အထွက်နှုန်းတိုးတက်စေရေး မျိုးကောင်းမျိုးသန့် များ ရရှိစေဖို့နဲ့ စိုက်နည်းစနစ်များ မှန်ကန်စေဖို့အတွက်ကိုလည်း ကြပ်မတ်ဆောင်ရွက်နေပါတယ်။ နွေနှမ်းစိုက်ပျိုးပြီးစီးမှုအနေနဲ့ ယနေ့အထိ ၄၃၂၉၇ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်လို့ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ တစ်ချို့တောင်သူတွေလဲ နွေနှမ်းကို ဆက်လက်စိုက်ပျိုးလျက်ရှိနေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။  

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် သီးနှံဝင်ငွေတိုးပွားရေးအတွက် ဆီထွက်သီးနှံ နှမ်းစိုက်ပျိုး ခြင်းကို (နွေ ၊ မိုး ၊ ဆောင်း )တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပြီး စိုက်ပျိုးရေ အဆင်ပြေသည့်အတွက် အောင်မြင်ဖြစ်ထွန်းမှု ရှိကြောင်း သိရကာ အဓိက စိုက်ပျိုးသည့် နှမ်းမျိုးများမှာ  နှမ်းဖြူ ၊ စမုံနက် ၊ သိပ္ပံနှမ်းနက် ၊ ဆင်းရတနာ-၄ စသည့် နှမ်းမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။ 


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)