ကျောက်ဆည်မြို့တွင် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင် မီးလောင်မှုဖြစ်ပွား

ကျောက်ဆည် ဧပြီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက် ဦးနိုင်လင်းဇော် ငှားရမ်းထားသော RC(၂)ထပ် အဆောက်အအုံအောက်ထပ်တွင် ယမန်နေ့ ည(၉)နာရီချိန်ခန့်က မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်တွင် VIVO စားသောက်ကုန်ပစ္စည်းဖြန့်ချိရန်အတွက် ဦးနိုင်လင်းဇော် ငှားရမ်းထားသည့် RC(၂)ထပ်၊ အိမ်အမှတ်(၅၁၉) အအောက်အအုံ  အောက်ထပ်တွင် မီးအားမြှင့်စက်ဖွင့်ထားရာမှ အပူလွန်ကဲ၍ လျှပ်စစ်ဝါယာရှော့ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရပြီး မီးလောင်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်ရဲမှူးဒုရဲမှူးကြီးရွှေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့်အဖွဲ့ဝင်များ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူ(၉)ဦးတို့သည် ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေး ဦးဆောင်သည့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်တို့နှင့်အတူ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ကြောင်း မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း တာဝန်ရှိသူများထံ သိရသည်။

သက်မောင်(ကျောက်ဆည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)