Pages

Pages

သန်လျင်ခရိုင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်

 


ရန်ကုန် ဧပြီ ၂၅

သန်လျင်ခရိုင်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်းတာဝန်ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံကိန်းဦးစီးမှူး ဦးစိုးလှိုင်ဦးက ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်မှုကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက ဒေသန္တရစီမံကိန်းတာဝန်များကို ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ကိုကိုးကျွန်းမြို့နယ် စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌများဖြစ်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအား တာဝန်ပေးအပ်လွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ

https://t.me/MyanmarNationalPost

No comments:

Post a Comment