Pages

Pages

ပေါင်မြို့နယ်၌မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ နှင့် မှတ်ပုံတင်ထားသော အသင်းအဖွဲ့များ တွေ့ဆုံပွဲပြုလုပ်





ပေါင်       ၊  ဧပြီ        ၂၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ နှင့် မှတ်ပုံတင်ထားသော အသင်းအဖွဲ့များ တွေ့ဆုံပွဲကိုယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် ကပေါင်မြို့နယ်အတွင်း အခြေစိုက်  ဖွင့်လှစ်ထားသော ပြည်ထောင်စု/ ပြည်နယ်/ မြို့နယ် မှတ်ပုံတင်ရေးအဖွဲ့တွင် မှတ်ပုံတင်ထားသောအသင်းအဖွဲ့များအား ၂၀၂၂ ခုနှစ်၊အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ နှင့် နည်းဥပဒေပါ အခွင့်အရေးများ၊ ကန့်သတ်ချက်များ၊ တားမြစ်ချက်များ စသည့်အကြောင်းအရာများ၊ ဥပဒေပုဒ်မ ၂၈ (ဌ)တွင် “မှတ်ပုံတင်လက်မှတ်ရရှိထားသည့် အသင်းအဖွဲ့များအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များကို (၃)လလျှင် (၁)ကြိမ် သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြရမည်" ဟုပြဌာန်းထားသဖြင့် မပျက်မကွက် တင်ပြရန်လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပေါင်မြို့နယ်အတွင်းရှိ အသင်းအဖွဲ့ (၃၂) ဖွဲ့ မှ တင်ပြချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်တို့က လိုအပ်သည်များ ကို  ပေါင်းစပ်ညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment