တာလေ ဧပြီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဉီးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးလင်းလင်းအောင်က မိမိနယ်မြေဒေသလုံခြုံရေးအတွက် အထူးဂရုပြုနေထိုင်သွားရန်၊ ထူးခြားဖြစ်စဉ်သတင်းများအား အချိန်နှင့်တပြေးညီ တင်ပြသွားရန်၊ တောင်ယာမီးရှို့မှုများနှင့်ပတ်သက်၍ ခွင့်ပြုချက်ရယူဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများက ဒေသခံပြည်သူများအား အသိပညာပေးဆောင်ရွက်ရန်၊ သင်္ကြန်ကာလနှစ်ဆန်းတစ်ရက်နေ့တွင် မြို့ဝင်၊ မြို့ထွက် နေရာများတွင် အန္တရာယ်ကင်းပရိတ်တရား ရွတ်ဖတ်ပူဇော်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များအား အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိတို့ရုံးဌာန၊ မိမိရပ်ရွာအတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် လိုအပ်ချက်များအား အသီးသီးဆွေးနွေးတင်ပြကြရာ မြို့အုပ်ချုပ်ရေးမှူး ဉီးလင်းလင်းအောင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment