မအူပင်မြို့တွင် နွေရာသီတင်းနစ်အခြေခံသင်တန်း သင်တန်းဆင်းပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့တွင် နွေရာသီတင်းနစ်အခြေခံသင်တန်း သင်တန်းဆင်းပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ




မအူပင် ဧပြီ ၅


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် သဟာယတင်းနစ်ကလပ်တို့ ပူး‌ပေါင်း၍ နွေရာသီတင်းနစ်အခြေခံသင်တန်း သင်တန်းဆင်းပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီအချိန်က မအူပင်မြို့တင်းနစ်ကွင်းအတွင်း ကျင်းပသည်။

             သင်တန်းတွင် မအူပင်သဟာယတင်းနစ်ကလပ်ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် သင်တန်းနည်းပြ ဦးအောင်နေမင်းတို့မှ သင်တန်းသား(၂၀)ဦးအား မတ်လ (၇)ရက်နေ့မှ ဧပြီလ (၄)ရက်နေ့အထိ စနစ်တကျသင်ကြားပေးပြီး သင်တန်းဆင်းပြိုင်ပွဲအား လူသစ်တန်းပြိုင်ပွဲ၊ အသက်(၁၀)နှစ်အောက် ပြိုင်ပွဲ၊ အကြီးတန်းပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။ ဆက်လက်၍ အသက်အငယ်ဆုံးအမျိုးသားဆု နှင့် အမျိုးသမီးဆုများအားလည်းကောင်း၊ အကောင်းဆုံး အမျိုးသမီးဆုအားလည်းကောင်း၊ လူသစ် တန်းတစ်ဦးချင်း ပထမ၊ ဒုတိယ၊ တတိယဆုများအားလည်းကောင်း၊ (၁၀)နှစ်အောက် ကြိုးစားမှု အကောင်းဆုံးဆုနှင့် ပထမ၊ ဒုတိယ၊ တတိယဆုများအားလည်းကောင်း၊ အကြီးတန်းနှစ်ယောက်တွဲ ပထမ၊ ဒုတိယ၊ တတိယဆုများအားလည်းကောင်း တာဝန်ရှိသူများကဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြ သည်။

             အဆိုပါ သင်တန်းဆင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စုစုလွင်၊ မအူပင်သဟာယတင်းနစ်ကလပ်ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အသင်းဝင်များ၊ သင်တန်းသား/ သင်တန်းသူများ၊ မိဘများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


အောင်မြင့်မြတ် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)