ညောင်ဦးမြို့နယ်အတွင်း ဝေမျှခြင်း ပရဟိတမိသားစုမှ ညောင်လှကျေးရွာနှင့်တာလမ်း ကန်တဲတိုက်သို့ သောက်သုံးရေလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်အတွင်း ဝေမျှခြင်း ပရဟိတမိသားစုမှ ညောင်လှကျေးရွာနှင့်တာလမ်း ကန်တဲတိုက်သို့ သောက်သုံးရေလှူဒါန်း



ညောင်ဦး ၊   ဧပြီ  ၂၂


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သော ကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်လှကျေးရွာနှင့် တာလမ်းကန်တဲတိုက်သို့ သောက်သုံးရေသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။


ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သောကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှသောက်သုံးရေများ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင်လည်း တောင်ဇင်းအုပ်စု၊ ညောင်လှကျေးရွာအတွင် သောက်သုံးရေ ၁၆၀၀ ဂါလံနှင့် တောင်ဇင်းအုပ်စုအတွင်းရှိ တာလမ်းကန်တဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ ဂါလံ၊ စုစုပေါင်း ၃၂၀၀ ဂါလံလှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်းတာဝန်ခံ ဦးဝင်းမင်းထွန်းထံက သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)