မိုင်းယောင်း ဧပြီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနသို့ အမည်ပြောင်း အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ထေရဝါဒဗုဒ္ဓသာသနာပြု မိုင်းဟန်ကျောင်းဆရာတော် သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဇဋိလထံမှ ငါးပါးသီလခံယူ၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသဇ္ဈာယ်သည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်နိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းနှင့် ဝန်ထမ်းများက ဆရာတော်၊ သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု မိုင်းဟန်ကျောင်းဆရာတော်က အနုမောဒနာတရား ချီးမြှင့်တော်မူပြီး ဆရာတော်၊ သံဃာတော်များအား ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသို့ အမည်ပြောင်း အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment