ကလေး ဧပြီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲများကို မတ်လ ၂၈ ရက်မှ စ၍ စကားလှဘုန်းတော်ကြီးကျောင်း၊ မြို့မဓမ္မာရုံစာဖြေဌာန တွင် ယမန်နေ့ နံနက်ပိုင်းက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲများ၏ ပထမကြီးတန် ယမိုက်အထက်(၅)ကျမ်းတွင် ၄၄ ပါး၊၊ ပထမလတ်တန်း ယမိုက်အောက်(၅)ကျမ်းတွင် ၅၅ ပါး၊ ပထမငယ်တန်း ဘာသာပြန်ဘာသာရပ် တွင် ၇၀ ပါး၊ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၆၉ ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
စာမေးပွဲများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်စေရေးအတွက် ထေကြီးဝါကြီးဆရာတော်ကြီးများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက ဆွမ်းဘောဇဉ်များနှင့် သွားလာမှုအဆင်ပြေလွယ်ကူစေရေး နေ့စဥ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment