မိုင်းယောင်းမြို့၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းမြို့၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနား ကျင်းပ




မိုင်းယောင်း ၊ ဧပြီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု၊ ခိုကဲကျေးရွာ၌ ၁၃၈၅ ခုနှစ် မိုင်းယောင်းခရိုင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို သင်္ကြန်အတက်နေ့ ယမန်နေ့ညနေ ၃ နာရီက ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် မြို့မိမြို့ဖ ဦးစိုင်းအောင်ခမ်းတို့က နှစ်သစ်ကူးနှုတ်ခွန်းဆက် ဆုတောင်းစကားပြောကြားကြပြီး ယိမ်းအဖွဲ့များက “မန်းတောင်ရိပ်ခို”သီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေကာ သင်္ကြန်ရေများ ပက်ဖျန်းခဲ့ကြသည်။

အဆိုပါ ဗဟိုမဏ္ဍပ်တွင် ဧပြီ ၁၃ ရက်နေ့မှစတင်၍ ဧပြီ ၁၆ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ တပ်နယ်တပ်ရင်းတို့မှ ယိမ်းအကအဖွဲ့များ၊ ဌာနဆိုင်ရာယိမ်းအကအဖွဲ့များ၊ ဖြူစင်-မိုင်းယောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးအထောက်အကူပြုအသင်းနှင့် ခိုကဲကျေးရွာတို့မှ ယိမ်းအကအဖွဲ့ လှပျိုဖြူလေးများက Aungkham Music အဖွဲ့နှင့်တွဲဖက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု ယိမ်းအကများ၊ သင်္ကြန်သီချင်းများ၊ ခေတ်ပေါ်သီချင်းများ၊ ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေမှုများနှင့် စတုဒိသာကျွေးမွေးဧည့်ခံမှုများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။


ဝေဝေခိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)