မောက်မယ် ၊ ဧပြီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက အဆိုပါကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် “ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများအား ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထွက်ကုန်၊ ထုတ်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် စျေးကွက်သို့ လျှင်မြန်စွာရောက်ရှိစေရန် ရည်ရွယ်ကြောင်း” ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်းက မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးရမည့်အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များ ရှင်းလင်းပြောကြားပြီး ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် မိသားစုဝင်ငွေ တိုးတက်ရေးအတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအား စည်းလုံးညီညွတ်စွာဖြင့် အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြောကြားပြီး တက်ရောက်လာကြသည့် ကျေးရွာကော်မတီဝင်များက လိုအပ်ချက်များ၊ အားနည်းချက်များ တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်းက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မောက်မယ်မြို့နယ်၌ (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်မှစ၍ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်း (၁၉) ယူနစ် ကျေးရွာပေါင်း (၂၇) ရွာတို့တွင် လူဦးရေပေါင်း (၁၅၀၀) ဦးခန့်အား မြစိမ်းရောင်အရင်းမပျောက် မတည်ရန်ပုံငွေအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဖြင့် ဆက်လက်လည်ပတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment