ဘက်လိုက်မှုကင်းသော မူဝါဒများနှင့်အညီ လွှတ်ပေးသင့်၊ လွတ်ပေးထိုက်သူများကိုသာ လွတ်ငြိမ်းဖြင့် လွှတ်ပေးနေကြောင်း အကျဥ်းဦးစီပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘက်လိုက်မှုကင်းသော မူဝါဒများနှင့်အညီ လွှတ်ပေးသင့်၊ လွတ်ပေးထိုက်သူများကိုသာ လွတ်ငြိမ်းဖြင့် လွှတ်ပေးနေကြောင်း အကျဥ်းဦးစီပြော


နေပြည်တော်၊  ဧပြီ ၁၁

မြန်မာနှစ်သစ်မင်္ဂလာအခါသမယတွင် အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုပေးခဲ့ခြင်းများအပေါ် အကြောင်းပြုပြီး ယခုရက်ပိုင်းတွင် အကျဉ်းသားများ၏ မိသားစုဝင်များထံသို နိုင်ငံတော်၏ လွတ်ငြိမ်းချမ်းသာခွင့်တွင်ပါဝင်ရန် ငွေကြေးပေးရမည်ဟုဆိုပြီး ဖုန်းဆက်ကာ လိမ်လည်မှုများရှိကြောင်း ပြောဆိုမှုများနှင့်ပတ်သက်ပြီး အကျဥ်းဦးစီဌာနမှ ယခုကဲ့သို ပြန်လည်ပြောဆိုထားသည်။

အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူများအား ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမည်ဆိုပါက အကျဉ်းသားများ စိစစ်ရေးအဖွဲ့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ လွတ်ငြိမ်းချမ်းသာခွင့်၊ လွတ်ငြိမ်းသက်သာခွင့် ပေးနိုင်ရေးအတွက် လျော်ကန်သင့်မြတ်မှုရှိသည့် နိုင်ငံသား၊ နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူများအား စိစစ်ရွေးချယ်ခြင်း၊ ထိုသို့ စိစစ်ရွေးချယ်ရာတွင် မည်သည့်အဖွဲအစည်း၊ မည်သည့်လူပုဂ္ဂိုလ်တို့၏ ပယောဂများ၊ တိုက်တွန်းချက်များကြောင့်မဟုတ်ဘဲ ဘက်လိုက်မှုကင်းသော မူဝါဒများနှင့်အညီ လွှတ်ပေးသင့်၊ လွတ်ပေးထိုက်သူများကိုသာ စိစစ်ရွေးချယ် ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု အကျဥ်းဦးစီးဌာနက ပြောသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း/ မပေးခြင်း၊ မည်သည့်ပုဒ်မ/ ပြစ်ဒဏ်ကျခံနေရသူများ ပါဝင်သည်ကို ကြိုတင်မသိနိုင်သည့်အတွက် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ပြစ်ဒဏ်ကျ အကျဉ်းသားများ၏ မိသားစုများထံသို့ တယ်လီဖုန်းဖြင့်ဆက်သွယ်ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ထည့်သွင်းပေးမည်ဟု ပြောဆို၍ ငွေကြေးတောင်းခံလာပါက အလွယ်တကူယုံကြည်မှုမရှိကြရန် လိုအပ်ကြောင်း အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကိစ္စအား လူကိုယ်တိုင်၊ တယ်လီဖုန်း၊ တစ်နည်းနည်းဖြင့် ဆက်သွယ်ပြောဆို၍ ငွေကြေး တောင်းခံလာပါက သက်ဆိုင်ရာသို အကြောင်းကြားပြီး လိမ်လည်ငွေကြေးတောင်းခံသည့် တရားခံအား အမြန်ဆုံး စိစစ်ဖော်ထုတ်အရေးယူနိုင်ရေး ပူးပေါင်းပါဝင်ကြရန် အကျဉ်းဦးစီးဌာနက တိုက်တွန်းထားသည်။

ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်လွတ်မြောက်နိုင်ရေးမှာ အဓိကအားဖြင့် ယင်းအကျဉ်းသား၊ အကျဉ်းသူ၏ ပြစ်မှုကျူးလွန်စဉ်က ဆိုးရွားသောရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့သူ မဟုတ်ခြင်း၊ လွတ်မြောက်သွားပါက နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်မည့်သူများဖြစ်ခြင်း၊ နိုင်ငံတော်အကြီးအကဲကလည်း မေတ္တာဂရုဏာကြီးမားစွာဖြင့် စေတနာထားရှိခြင်းတို့အပေါ် အခြေခံ၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)