ပေါင်မြို့နယ်၌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ မြို့နယ်အဆင့် စီမံကိန်းသုံးသပ်ပွဲအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ မြို့နယ်အဆင့် စီမံကိန်းသုံးသပ်ပွဲအခမ်းအနားပြုလုပ်





ပေါင်     ၊   ဧပြီ        ၂၇

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ မြို့နယ်အဆင့် စီမံကိန်းသုံးသပ်ပွဲအခမ်းအနားကိုယမန်နေ့နံနက် (၁၀) နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှခရိုင်မှူးဒေါ်သီတာဝင်းစံ ကကျေးလက်ဦးစီးဌာနအနေဖြင့် ပေါင်မြို့နယ်အတွင်းမြစိမ်းရောင်စီမံကိန်းကို  ကျေးရွာ မ တည်ရန်ပုံငွေစီမံကိန်း( VRFP) ၊ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက် (VDP)၊အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းကိုလည်းနှစ်စဉ်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊(၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းအသစ်ဖြစ်သော ခေတ်မီစံပြကျေးရွာနှင့်ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းကို ကျုံကကျေးရွာအုပ်စု ပိတောက်ကုန်းကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ၊ လုပ်ငန်းများ၏ အခက်အခဲ၊အားနည်းချက် ၊အားသာချက်၊အကြံပြုချက်များကို ဖော်ထုတ်ပြီး ပိုမိုကောင်းမွန်သော စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး  လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လတ် က  ( ၂၀၁၄-၂၀၁၅ ) ဘဏ္ဍာရေးနှစ်မှစ၍  ( ၂၀၂၃-၂၀၂၄ ) ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ ( ၁၆ )ရွာ၌ အရင်းမပျောက် မ တည်ရန်ပုံငွေ  ကျပ်သန်း (၃၉၀)ကိုအိမ်ထောင်စုများထံ သက်သာသောအတိုးနှုန်းဖြင့် လည်ပတ်ဆောင်ရွက်‌ပေးလျက်ရှိကြောင်း ၊ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း ( VRFP ) အား  (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်မှစ၍ ကျေးရွာ ( ၇ ) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီး ခေတ်မီစံပြကျေးရွာကိုလည်းဆောင်ရွက်ထားနိုင်ကြောင်းဆွေးနွေးခဲ့သည်။

ထို့နောက် (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းများကို တာဝန်ရှိသူများက

ပေးအပ်ခဲ့သည်။ဒုတိယပိုင်းအနေဖြင့်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ကော်မတီဝင်များက စီမံကိန်းများနှင့်ပတ်သက်၍ ကဏ္ဍအလိုက်သုံးသပ်ဆွေးနွေးခဲ့ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)