ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၁)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၁)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

 


မြစ်ကြီးနား ၊   ဧပြီ ၂၈

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘောလုံးဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၁) နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီတွင် ပြည်နယ်ဘောလုံးကွင်းအတွင်း ကျင်းပပြုလုပ်သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ဧပြီ (၂၆) ရက်နေ့မှ မေ(၇)ရက်နေ့အထိ ကလပ်အသင်း (၅)သင်းဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဘောလုံးပြိုင်ပွဲ သည် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲအတွက် အရည်အချင်းရှိ အားကစားသမားများကို ပြည်နယ်လက်ရွေးစင်အဖြစ် ရွေးချယ်ကာ စခန်းသွင်းလေ့ကျင့်ပြီး ပြည်နယ် ဘောလုံးအသင်း အောင်မြင်မှုရရှိစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဘောလုံးပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်းနှင့် အားကစားသမားများအနေဖြင့်လည်း အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် လက်ရွေးစင်ဘောလုံးအသင်းများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အားကစားကွင်းအတွင်းရှိ ပြိုင်ပွဲဝင် ကလပ်အသင်းများမှ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြကာ နည်းပြများအတွက် နည်းပြဘုတ်နှင့် ဘောလုံးစာအုပ်များကို တိုင်းရင်းသားရိုးရာ အကအလှများ၊ သရုပ်ပြအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့် သရုပ်ပြအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အသက်(၂၁)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မိုင်းနားလူငယ်နှင့် နောင်ရာကလပ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။   

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ နံနက် (၇) နာရီခွဲကလည်း မြစ်ကြီးနားမြို့ သန့်ရှင်း သာယာလှပရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြေပြီး ပန်းမြို့တော်ဖြစ်လာစေရေးအတွက် ရုံးကြီးလမ်းနှင့် အောင်ဆန်းလမ်းဆုံမီးပွိုင့်မှ ဆမားလမ်းဆုံအထိ အောင်ဆန်းလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ အမှိုက်များ ကောက်ယူခြင်း၊ ရေဝပ်တင်ကျန်နိုင်သည့် မြေနိမ့်သည့် နေရာများတွင် မြေသားဖို့ညှိခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်းတို့ကို စည်ပင်သာယာရေးအဖွဲ့ အရာ ထမ်း/ အမှုထမ်းများ၊ (Kachin State Clean & Green Team) အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)