စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှပြင်သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပန်းအလှပြင်သင်တန်းဖွင့်လှစ်

 



စဉ့်ကူး ဧပြီ ၉

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပန်းအလှပြင်သင်တန်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းစံရွှေက အမျိုးသမီးများ၏ဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လက်မှုအတတ်ပညာနှင့် အိမ်တွင်းအလှ ဆင်ယင်တတ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပန်းမျိုးစုံတို့ဖြင့် ပန်းအလှပြင်ဆင်ပုံနည်းအမျိုးမျိုးတို့အား လက်တွေ့သင်ကြားပြသပေးခဲ့ရာ သင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသူများက စိတ်ပါဝင်စားစွာ လက်တွေ့ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပန်းအလှပြင်သင်တန်းတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းစံရွှေက သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး သင်တန်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ Women Club အဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ၊ စာဖတ်ပရိသတ်များ စုစုပေါင်းသင်တန်းသူ (၁၇) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


တင်ဇာလွင် 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)