စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် ပုဂ္ဂလိကဆရာအတတ်ပညာ လက်မှတ်သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် ပုဂ္ဂလိကဆရာအတတ်ပညာ လက်မှတ်သင်တန်းဖွင့်လှစ်

 




စစ်ကိုင်း  ၊  ဧပြီ  ၂၆

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ် (မူလတန်းနှင့် အလယ်တန်းအဆင့်) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက အဆိုပါကောလိပ်ရှိ မြဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက ဒီသင်တန်းကနေ သင်ကြားပို့ချမဲ့ သိသင့်သိထိုက်တဲ့ ဆရာအတတ်ပညာတွေ၊ အသိပညာတွေ စသည်ဖြင့် အဖိုးမဖြတ်နိုင်တဲ့ ဗဟုသုတတွေကို လက်ဝယ်ပိုင်ပိုင်နိုင်နိုင်ရောက်အောင် သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း မိမိတို့ကိုယ်တိုင်က ဆရာအတတ်ပညာတွေ သိရှိသွားကြပြီဆိုတော့ အနာဂတ်ကျောင်းသားလူငယ်တွေကို ဗလငါးတန်နဲ့ပြည်စုံတဲ့ လူတော်လူကောင်းလေးတွေ မွေးထုတ်ပေးနိုင်အောင် ပြန်လည်ပို့ချ သင်ကြားပေးသွာကြပါ၊ ဒီသင်တန်းကျောင်းကနေပြီးတော့လည်း ဆရာ/ ဆရာမတွေကို အတတ်ပညာတွေ/ အသိပညာတွေရရှိအောင်ကြိုးစားပြီး ကူညီစောင့်ရှောက်သင်ကြားပေးမှာဖြစ်ကြောင်း ပြောကြားကာ ခရိုင်ပညာရေးမှူးက လုပ်ငန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

အဆိုပါသင်တန်းကို ဧပြီ(၂၃)ရက် မှ မေလ(၁၈)ရက်နေ့အထိ စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းသို့ စစ်ကိုင်း၊ မုံရွာ၊ ကလေး၊ တမူး၊ ဟုမ္မလင်းမြို့နယ်များမှ (မူလတန်း/ အလယ်တန်းအဆင့်) သင်တန်းသား/ သင်တန်းသူ(၃၉) ဦး တက်ရောက်သင်ကြားသွားကြမည်ဖြစ်ကြောင်း သိရသည်။


ဇော်မြင့်နိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)