ကျိုက်ထို၊ ဧပြီ ၂၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၁၀/၁)တွင် ၂၁.၄.၂၀၂၄ ရက်နေ့၊ ၁၄ ၁၅ အချိန် ကျိုက်ထိုမြို့ရှောင်လမ်းအတိုင်း မောင်းနှင်လာသော (၁၀)ဘီးယာဉ်(၁)စီး ဘရိတ်ပေါက်၍ အနီးရှိ နေအိမ်ခြံဝန်းအတွင်း ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။
ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၆)ဦးအနက် ကျား(၁)ဦး(သေဆုံး)နှင့် ကျား(၅)ဦး(ထိခိုက်ဒဏ်ရာရ)တို့အား ကျိုက်ထိုမြို့နယ်လူမှုကူညီရေးအသင်း၊ ပဒုမ္မာလူမှုကူညီရေးအသင်းတို့မှ ယာဉ်များဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#News
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment