ထောက်ပို့ နဲ့ ပဒက် ပြိုင်တူနှိမ်မှ ငြိမ်ပါမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထောက်ပို့ နဲ့ ပဒက် ပြိုင်တူနှိမ်မှ ငြိမ်ပါမည်



မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို လေ့လာကြည့်ရင် အကြမ်းဖက်သမားတွေ ထောင်လွှားနေနိုင်တာ အကြောင်းမဲ့ မဟုတ်သလို ထောက်ပို့တွေ ဘေးအန္တရာယ်ကင်းရှင်းစွာ လှုပ်ရှားနေနိုင်ခြင်းဟာ အကြမ်းဖက်လှုပ်ရှားမှု သက်ဆိုးရှည်ခြင်း အဓိက အကြောင်းအရင်းပါပဲ။

ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူတွေအနေနဲ့ ပြည်တွင်းက လုပ်ငန်းရှင်များကို ခြိမ်းခြောက်ပြီး ငွေကြေးအလှူခံတာတွေ လုပ်နိုင်သလို တချို့သော လုပ်ငန်းရှင်များကလည်း ပဒက်တွေ အသာစီးရနေတယ်လို့ ထင်ပြီး လှူဒါန်းနေကြတာတွေ ရှိပါတယ်။

အမည်မျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့ ပဒအဖွဲ့မျိုးစုံနဲ့ တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေ ကာလရှည်ကြာ အကြမ်းဖက်လှုပ်ရှားနိုင်ဖို့ဆိုတာ ငွေကြေး၊ လက်နက်များစွာ လိုအပ်ပါတယ်။ အမေရိကန်နဲ့ အိုအိုင်စီထံက ရတဲ့ ငွေတွေကို ထောက်ပို့များထံ ကွက်ပျောက် ဖြန့်ဝေပေးပြီး ထောက်ပို့များက အလှူငွေရတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်တွင်းက အကြမ်းဖက်အဖွဲ့များထံ နည်းလမ်းမျိုးစုံနဲ့ ပေးပို့ခြင်း ဖြစ်ပါတယ်။

ပဒက်အဖွဲ့များနဲ့ တိုင်းရင်းသားလက်နက်ကိုင်အကြမ်းဖက်အဖွဲ့များထံကို ငွေကြေးစီးဆင်းတဲ့ အဓိက လမ်းကြောင်းကတော့ ထိုင်းနိုင်ငံပဲ ဖြစ်ပါတယ်။ တရုတ်က သူကြိုးကိုင်ထားတဲ့ အဖွဲ့တွေလောက်ကိုပဲ ပံ့ပိုးတာ ရှိလိမ့်မယ်။ အိမ်နီးချင်း လာအိုက အကြမ်းဖက်လှုပ်ရှားမှုအတွက် ငွေကြေး၊ လက်နက် ထောက်ပံ့မှုမရှိသလောက် နည်းသလို အိန္ဒိယဘက်ကလည်း တတ်နိုင်သမျှတော့ အကြမ်းဖက်အုပ်စုတွေကို ထိန်းသိမ်းပေးတာမျိုး ရှိပါတယ်။

ထိုင်းထွက်ပေါက်ဟာ ခေတ်အဆက်ဆက် ပြည်ဖျက်မိစ္ဆာတွေရဲ့ ထွက်ပေါက်ပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေးတည်ဆောက်ထားသည့်တိုင်အောင် ထိုင်း - အမေရိကန် ဆက်ဆံရေးကိုတော့ အထိခိုက်မခံပါဘူး။ မြန်မာအစိုးရနဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေး တည်ဆောက်ထားသလို မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ အမေရိကန် အလိုကျ လုပ်ဆောင်ပေးရမယ့်ကိစ္စတွေကိုလည်း မျက်ကွယ် မပြုတာတော့ သေချာပါတယ်။

မြန်မာအစိုးရအနေနဲ့ အကြမ်းဖက်နှိမ်နင်းရေးမှာ အခက်အခဲ ရှိနေတာတော့ အသေအချာပါပဲ။ NLD အစွန်းရောက်တွေက အကြမ်းဖက်နေတာကို အမေရိကန်ချုပ်ကိုင်ထားတဲ့ မီဒီယာတွေက လုံးဝမဖော်ပြပါဘူး။ NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုတွေကို မနှိမ်နင်းနိုင်တဲ့ အစိုးရကို အကြမ်းဖက်လို့ ခေါင်းစဉ်တပ်ပြီး ဖြန့်ဝေရေးသားတာတွေက ကမ္ဘာ့မီဒီယာကြီးများရဲ့ မျက်နှာစာမှာ အထင်အရှား ဖြစ်နေပါတယ်။

နောက်တစ်ပိုင်းက အာဏာပိုင်အဖွဲ့အစည်းအတွင်းမှာလည်း အကြမ်းဖက်လှုပ်ရှားမှုအပေါ်ကနေ ကိုယ်ကျိုးရှာလိုသူတချို့ ရှိနေတာဖြစ်တဲ့အတွက် နိုင်ငံတော်အဆင့် တာဝန်ရှိသူတွေဟာ အကြမ်းဖက်လှုပ်ရှားမှု အခြေအနေကို အလုံးစုံ သိချင်မှလည်း သိလိမ့်မယ်။ မျက်နှာလို မျက်နှာရ သတင်းလိမ်ညာ တင်ပြပြီး လုပ်စားနေတာတွေကြောင့်လည်း အကြမ်းဖက်လှုပ်ရှားမှုအပေါ်မှာ တွက်ဆမှုတွေ အလွဲလွဲအမှားမှား ဖြစ်နိုင်ပါတယ်။ 

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေက အကြမ်းဖက်လှုပ်ရှားမှုကို စိတ်ကူးယဉ်ဆန်ဆန် ပုံဖော်နေသည့်တိုင်အောင် မြေပြင်မှာ သူတို့ရဲ့ သြဇာခံ နီပိန်း ပဒက် အကြမ်းဖက်သမားတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေဟာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်ပြီး ခေါင်းစဉ်အမျိုးမျိုး တပ် ဝါဒဖြန့်နေတာ ဖြစ်တဲ့အတွက် အကြမ်းဖက်လှုပ်ရှားမှု ချုပ်ငြိမ်းသွားဖို့ဆိုတာ ကာလတိုအတွင်းမှာ မလွယ်ပါဘူး။ ကာလကလည်း ၃နှစ်ကျော် ကြာသည်အထိ ရှည်ကြာလာပါပြီ။

စာရေးသူအနေနဲ့ ကြီးကြီးကျယ်ကျယ် ဖြတ်လေးဖြတ် လုပ်ဖို့တွေ ဘာတွေ မတိုက်တွန်းချင်ပါဘူး။ တကယ် ဖြတ်လေးဖြတ် အလုပ်ခံနေရတာက နီပိန်း ပဒက်တွေ မဟုတ်ဘဲ ဂန့်ဂေါ၊ ကလေးဘက်က ပြည်သူ့စစ်ဖွဲ့စည်းထားတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။ စားသောက်ကုန်တွေ မရောက်ဘူး။ ဒေသထွက်ကုန်တွေ ရောင်းချလို့ မရဘူး။ အကြိမ်ကြိမ်အခါခါ တင်ပြနေသော်လည်း အာဏာပိုင်များ ဘက်က ကူညီဖြေရှင်းပေးခြင်းမရှိဘဲ မသိကျိုးကျွန်ပြုထားကြပါတယ်။

နီပိန်း ပဒက် အကြမ်းဖက်သမားတွေကို ဖြတ်လေးဖြတ် မလုပ်ပါနဲ့။ ထိုင်းနိုင်ငံဘက်ကနေ ဝင်နေတဲ့ ငွေကြေး၊ လက်နက်လမ်းကြောင်းကိုပဲ ဖြတ်တောက်ပေးပါ။ ထိုင်းမြန်မာ အာဏာပိုင်များ ပူးပေါင်းပြီး ထိုင်းနိုင်ငံဘက်မှာ ခိုလှုံနေတဲ့ အကြမ်းဖက်လှုံ့ဆော်သူတွေ၊ အကြမ်းဖက်လှုပ်ရှားမှုအတွက် အလှူငွေကောက်ခံနေသူတွေကို ထိန်းသိမ်းပေးမယ်ဆိုရင်ပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာအကြမ်းဖက်သမားတွေကို လွယ်လင့်တကူ နှိမ်နင်းနိုင်မှာ ဖြစ်သလို အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများလည်း လက်ရှိအခြေအနေထက် ပိုပြီး ဘေးအန္တရာယ် ကင်းရှင်းသွားပါလိမ့်မယ်။ 

ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်လိုက်တာနဲ့ နီပိန်း ပဒက် အကြမ်းဖက်သမားတွေလည်း အစာရေစာ ငတ်ပြတ်လာမှာ ဖြစ်ပါတယ်။ သူခိုး ဓားပြအနေနဲ့ အများပြည်သူအပေါ် ပစ်မှတ်ထားလုပ်ဆောင်လာနိုင်ခြေကိုလည်း ကြိုတင်တွက်ဆထားရမှာ ဖြစ်ပါတယ်။ ရဲစခန်းတွေ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက အများပြည်သူ လိုအပ်လို့ အကူအညီတောင်းတဲ့အခါ မသိကျိုးကျွန်ပြုနေတာမျိုး၊ အချိန်စွဲတာမျိုး မလုပ်ဘဲနဲ့ အချိန်နဲ့ တပြေးညီ ကူညီဆောင်ရွက်ပေးပါမှ စိတ်သက်သာရာ ရပါလိမ့်မယ်။ ပြည်ပြေး ဝရမ်းပြေး ထောက်ပို့လမ်းကြောင်းကို ဖြတ်လို့ ရသမျှ ဖြတ်တောက်၊ ပဒက်တွေလည်း အငတ်ဘေးသင့်ပြီး နှိမ်နင်းပြီးသားဖြစ်မယ်။


ဒေါင်းနင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)