ပေါင် ဧပြီ ၃
သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန် စာမေးပွဲကို ယနေ့ နေ့လယ်ပိုင်းက ကဒါရပ်ကွက်သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ စတင်ဖြေဆို ခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်က စာဖြေသံဃာတော်များ လိုက်နာရမည့် စည်းကမ်းချက်များကို လျှောက်ထားခဲ့သည်။အဆိုပါ ပါဠိပထမပြန် စာမေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်
၏ ဦးဆောင်မှုဖြင့်
မြို့နယ် သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ စာဖြေသံဃာတော်များအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ယနေ့စတင်ဖြေဆိုသည့် ပါဠိပထမပြန်စာမေးပွဲသို့ ကြီးကြပ်ဆရာတော် (၁၇) ပါးတို့ဖြင့် ကျင်းပဆောင် ရွက်လျက်ရှိရာ ပထမနေ့အဖြစ် စုစုပေါင်း (၂၁၀)ပါး ဖြေဆိုလျက်ရှိကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment