အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ဆုံးရှုံးခဲ့ရသူများကို အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ဖြေဆိုခွင့်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ဆုံးရှုံးခဲ့ရသူများကို အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ဖြေဆိုခွင့်ပေး







နေပြည်တော်၊ ဧပြီ ၃၀

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုစဉ်က အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ ဖြေဆိုခွင့် ဆုံးရှုံးခဲ့ရသူများကို ပညာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် သတ်မှတ်စာစစ်ဌာနများတွင် ပြန်လည်ဖြေဆိုခွင့် ပြုခဲ့ရာ ၂၉-၄-၂၀၂၄ ရက်နေ့က ရခိုင်ပြည်တွင်လည်း စာမေးပွဲ ပြန်လည်ဖြေဆိုခွင့် ရအောင် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာမေးပွဲဖြေဆိုခွင့် ဆုံးရှုံးမှု အများဆုံး ပြည်နယ်ဖြစ်ခဲ့ပြီး စာရင်းရှိကျောင်းသားဦးရေ (၁၈၆၀၂) ဦး ရှိသည့်အနက်  ကျောင်းသား/သူ (၈၅၃၀)ဦး သာ စာမေးပွဲ ဖြေဆိုနိုင်ခဲ့သည်။

၂၀၂၄ ပညာသင်နှစ်တွင် KNPP, KNDF, PDF အလွန်အမင်းဆိုးသွမ်းနေသော ကယားပြည်နယ်တွင် စာမေးပွဲ ဖြေဆိုရန် စာစစ်ဌာနပင် မရှိခဲ့ပေ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အချို့သော မြို့နယ်များတွင်လည်း NUG အကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ စာသင်ကျောင်းများ ဖွင့်လှစ်နေသည်ကို ဒေသအာဏာပိုင်များအနေဖြင့် အရေးယူဆောင်ရွက်ခြင်း မရှိဘဲ မျက်ကွယ်ပြုထားသည်။

ယခုနှစ် ပညာသင်နှစ်တွင် ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်းထားသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)