သံတွဲမြို့ကို သိမ်းချင်တာလား၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းကို ဖျက်ဆီးဖို့လား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့ကို သိမ်းချင်တာလား၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းကို ဖျက်ဆီးဖို့လား



ယမန်နေ့က ပြည်ဖျက်မီဒီယာတစ်ခုဖြစ်တဲ့ DVB က လိမ်ညာဖန်တီးရေးသားတဲ့ သတင်းတစ်ပုဒ်နဲ့ ပတ်သက်လို့ သတင်းမှန် ပြန်ကြားရေးက မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ DVB သတင်းဌာနဆိုတာက ဘင်္ဂါလီများကို လူမျိုးလိမ်နာမည်နဲ့ လုပ်စားဖို့ လမ်းဖောက်ခဲ့တဲ့ ဌာနဖြစ်ပါတယ်။ ဟန်ညောင်ဝေ ဆိုသူပေါ့။ လူမျိုးလိမ်ဖန်တီးရေးသားမှုကို မလိုလားတဲ့ ရခိုင်တွေအနေနဲ့ ဟန်ညောင်ဝေအကြောင်း ရေးသားပြောဆိုခဲ့တာတွေ ဘလော့တွေမှာ ရှာကြည့်ရင် ပလူပျံအောင်တွေ့နိုင်ပါတယ်။

နောက်တစ်ချက်က ငွေမျက်နှာတစ်ခုတည်းသာကြည့်ပြီး DVB သတင်းဌာနနဲ့ ချိတ်ဆက်ပြီး အလုပ် လုပ်နေကြတဲ့ ရခိုင်တွေလည်း ရှိနေဆဲပါပဲ။ ရခိုင်သတင်းသမားတချို့ လူမျိုးဖန်တီးရေးသားမှုကြောင့် DVB နဲ့ လမ်းခွဲခဲ့ကြသည့်တိုင်အောင် သူတို့ရဲ့ မျိုးဆက်သစ် သတင်းသမားအမည်ခံ လုပ်ကြံဖန်တီးရေးသားတတ်သူများကို DVB နဲ့ ဆက်လက်ချိတ်ဆက်ပြီး သတင်းပေးလုပ်စပေါတယ်။ တပ်မတော်က ထွက်တဲ့ ရခိုင်တချို့တောင် တပ်သတင်းတွေကို DVB ကနေ ရေးသားဖော်ပြခဲ့ကြတာ တွေ ရှိပါတယ်။ ပြည်ဖျက်မီဒီယာ DBVနဲ့ လုပ်ကြံဖန်တီးရေးသားပြီး ငွေရှာလိုတဲ့ ရခိုင်သတင်းသမားများ အကြောင်း အကျဉ်းမျှ သိစေလိုခြင်းသာ ဖြစ်ပါတယ်။

သံတွဲမြို့နယ်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ AA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စတင်တိုက်ခိုက်တဲ့ (၂၆-၄-၂၀၂၄) ရက်၊ သောကြာနေ့ကတည်းက သတင်းရရှိခဲ့ပါတယ်။ AA အကြမ်းဖက်အဖွဲ့က သံတွဲမြို့ကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မဟုတ်ပါဘူး။ သံတွဲမြို့နယ်အတွင်းမှာ ဖော်ဆောင်လျှက်ရှိတဲ့ သူဌေး ရေအားလျှပ်စစ်စီမံကိန်းကို ပစ်မှတ်ထား တိုက်ခိုက်လာခြင်းဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ ရေအားလျှပ်စစ်စီမံကိန်းဝန်းအတွင်းမှာ ရှိတဲ့ ဝန်ထမ်းတွေကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ စက်ယန္တရားတွေကို စောင့်ရှောက်ဖို့ ဝန်ထမ်းအနည်းငယ်ပဲ ကျန်ခဲ့ပါတယ်။ AA အကြမ်းဖက်အဖွဲ့အနေနဲ့ ရေအားလျှပ်စစ် စီမံကိန်းအတွင်းကိုလည်း ဝင်ရောက်နိုင်ခြင်း မရှိပါဘူး။ စီမံကိန်း ဧရိယာနဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ခုခံကာကွယ် နှိမ်နင်းမှုကြောင့် ထပ်မတိုးနိုင်ပါဘူး။

နောက်ရက်တွေမှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပေါ်နေတဲ့ အခြေအနေကို စီမံကိန်း ဧရိယာထဲမှာ အလုပ် လုပ်ကိုင်နေသူထံက သတင်းပေးပို့ပါတယ်။ တပ်မတော်အနေနဲ့ ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် နောက်ဆက်တွဲ သတင်းတွေ မဖော်ပြတော့ပါဘူး။ ကျွန်တော်တို့ အနေနဲ့ မိမိတို့ ကြားသိရတဲ့အချိန်မှာ တာဝန်ရှိသူများ အလေးထား ဆောင်ရွက်နိုင်စေဖို့ အဓိက တင်ပြတာကတော့ အပြစ်မဲ့ ပြည်သူတွေ ထိခိုက်သေဆုံးတာမျိုး မဖြစ်ဖို့အတွက်ပါပဲ။ အချိန်မီ ကယ်ထုတ် ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ကျန်တဲ့ ရုပ်ဝတ္ထုပစ္စည်းများ ပျက်စီးဆုံးရှုံးသွားတာ ပြန်လည်ဖော်ဆောင်လို့ ရပါတယ်။ အထူးအားဖြင့် AA အကြမ်းဖက်သမားများရဲ့ လက်ချက်နဲ့ အပြစ်မဲ့ ပြည်သူများ ထိခိုက် သေကြေတာမျိုး မဖြစ်ဖို့ပါပဲ။ AA အကြမ်းဖက်အဖွဲ့သာ စီမံကိန်းနယ်မြေထဲ ရောက်လာခဲ့သည် ရှိသော် ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA အကြမ်းဖက်အဖွဲ့က လုပ်သကဲ့သို့ လူမျိုးရေးအမုန်းတရားနဲ့ ဗမာတွေကို သတ်တာမျိုး လုပ်အုံးမှာ ဖြစ်ပါတယ်။ အင်မတန် ကြောက်ဖို့ကောင်းတဲ့ အစွန်းရောက်ဝါဒီတွေ ဖြစ်ပါတယ်။

AA အကြမ်းဖက်အဖွဲ့ရဲ့ လှုပ်ရှားမှုမှက ရည်ရွယ်ချက်ကို မရောက်တဲ့အခါကြတော့ အများပြည်သူကြားမှာ AA လော်ဘီ DVB သတင်းသမားများက မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားဖော်ပြပြီး တပ်မတော်အပေါ် ပြည်သူများ အထင်အမြင်လွဲမှားအောင် လုပ်ဆောင်လိုက်ခြင်းပါပဲ။ 

သူဌေးရေအားလျှပ်စစ် စစ်မံကိန်းဟာ (၈၀)ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်တဲ့ စီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်းပြီးမြောက်သွားရင် ဒေသခံပြည်သူ ၁သန်းကျော် လျှပ်စစ်ဓာတ်အား တိုးမြှင့် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။  ဒေသဖွံ့ဖြိုးရေးအတွက် များစွာ အထောက်အကူ ဖြစ်စေမယ့် စီမံကိန်း ဖြစ်ပါတယ်။ သို့သော် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီတွေအနေနဲ့တော့ ဒေသခံပြည်သူများ ကောင်းကျိုးခံစားရမှာကို မရှုစိမ့်တဲ့ သဘောရှိပါတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ်ဆိုသူတွေရဲ့ ကြွေးကြော်သံနဲ့ လိုက်ဖက်တဲ့ လုပ်ရပ်တွေကို အထင်အရှား မြင်တွေ့ရတာ ဖြစ်ပါတယ်။ ULA/AA ကို ထောက်ခံခြင်း၊ အားပေးခြင်းက ရခိုင်ပြည်သူတွေရဲ့ သဘောဆန္ဒအတိုင်းပဲ ဖြစ်ပါတယ်။ သို့ပေသော် (ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ်) လို့ ULA/AA ခေါင်းဆောင်တွေက ကြွေးကြော်နေသ၍တော့ ရခိုင်ပြည်သူလူထု ကောင်းကျိုးဖြစ်စေမယ့် အလုပ်တွေကို လုပ်မှာ မဟုတ်ဘဲ ဆိုးကျိုးဖြစ်စေမယ့် အလုပ်တွေကိုသာ အစဉ်တစိုက် လုပ်ဆောင်နေလိမ့်မယ်။ ဒီအခြေအနေကိုတော့ လေးလေးနက်နက် သိရှိထားဖို့ လိုပါလိမ့်မယ်။ ဒေသခံ ပြည်သူများအနေနဲ့ AA အကြမ်းဖက်အဖွဲ့ ဦးဆောင်သူများကို မေးကြည့်စမ်းပါ။ သံတွဲမြို့ကို သိမ်းချင်တာလား၊ အများပြည်သူအကျိုးအတွက် ဖော်ဆောင်နေတဲ့ သူဌေးရေအားလျှပ်စစ်စီမံကိန်းကို ဖျက်ဆီးချင်တာလား။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)