နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း စက်မှုလုပ်ငန်းလည်ပတ်နေမှုနှင့် ရွက်ဖျန်းမြေဩဇာထောက်ပံ့ခြင်း၊ စုပေါင်းသမန်းနိုးခြင်းသရုပ်ပြပွဲတို့အား ကွင်းဆင်းကြည့်ရှု တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း စက်မှုလုပ်ငန်းလည်ပတ်နေမှုနှင့် ရွက်ဖျန်းမြေဩဇာထောက်ပံ့ခြင်း၊ စုပေါင်းသမန်းနိုးခြင်းသရုပ်ပြပွဲတို့အား ကွင်းဆင်းကြည့်ရှု တက်ရောက်

 


တပ်ကုန်း ဧပြီ ၁၀

                            နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်၊ “ငွေပဒေသာ” စပါးကြိတ်ခွဲစက်နှင့် ဆန်ချောစက်လုပ်ငန်း၊ ဆရာစံရပ်ကွက်၊ “ဝင်းမိသားစု” ဝါးဂွမ်းအစေ့ထုတ်လုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ရာ စပါးကြိတ်ခွဲစက်နှင့် ဆန်ချောစက်လုပ်ငန်းနှင့် ဝါဂွမ်းအစေ့ထုတ်လုပ်ငန်းရှင်များက  လုပ်ငန်းလည်ပတ်ဆောင်ရွက်နေရသည့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တင်ပြချက်များအပေါ် လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး စာစစ်ဌာနတွင်  ပါဠိပထမပြန်စာမေးပွဲဖြေဆိုတော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား ဖူးမျှော်ကြည်ညှိပြီး၊ ဆွမ်း၊ ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌနှင့် စာမေးပွဲကြီးကြပ် ဆရာတော်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

                     ယင်းနောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် အေးချမ်းသာစံပြကျေးရွာ၊ “အောင်ကမ္ဘာ”ဝါးဂွမ်းအစေ့ထုတ်လုပ်ငန်း၊ “ဆရာလေး” အမှတ်တံဆိပ်ပါရှိသည့် တိုင်းရင်းဆေးလုပ်ငန်းနှင့် ကျေးရွာပိုင်စက်ရက်ကန်းအလုပ်ရုံတွင် ရက်ကန်းစင် လေးစင်၊ ရက်စက်ခုံတစ်ခုံဖြင့် လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးပြီး၊ လိုအပ်သည်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ရေအေးကျေးရွာအုပ်စု၊ ၂၀၂၃-၂၀၂၄ ခုနှစ် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် နွေစပါး(Seeder)စိုက်ခင်းများအား ရွက်ဖျန်းမြေဩဇာထောက်ပံ့ခြင်း၊ စုပေါင်းသမန်းနိုးခြင်းကွင်းသရုပ်ပြပွဲ ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ သွင်းအားစုများအချိန်မီ ထည့်သွင်းနိုင်ရေး၊ ဝယ်ယူကြိတ်ခွဲသူ အစုအဖွဲ့များဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊  သီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းရရှိရေး၊ တောင်သူများအနေဖြင့် တစ်ဦးချင်းဝင်ငွေတိုးတက်စေရေး၊ လက်မှုလယ်ယာမှ  စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်ကြစေရေး၊ စိုက်ပျိုးရေးမွေးမြူရေး ထွက်ကုန်လုပ်ငန်းဆောင်ရွက်နိုင်စေရေး၊ ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် အထွက်နှုန်း ပိုမိုထွက်ရှိအောင် ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

                   ယင်းနောက် ဥတ္တရခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးထိန်လင်းဟန်က နွေစပါး(Seeder)စိုက်ခင်းများအား ရွက်ဖျန်းမြေဩဇာထောက်ပံ့ခြင်း၊ စုပေါင်းသမန်းနိုးခြင်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက နွေစပါးစိုက်ပျိုးမည့် တောင်သူများအား ရွက်ဖျန်းမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး စုပေါင်းသမန်းနိုးခြင်းသရုပ်ပြပွဲဆောင်ရွက်မှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


တင်စိုးလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)