Pages

Pages

ဂွမြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲဖြေဆိုလျက်ရှိ





ဂွ   ဧပြီ   ၇


ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၁၃၈၅(၂၀၂၄)ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ(ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများကို ရတနာသိဒ္ဓိသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပဆောင်ရွက်လျက်ရှိသည်။

 ယနေ့ကျင်းပသော အစိုးရပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်အတွင်းရှိယမိုက်အထက်(၅)ကျမ်း၊ ယမိုက်အောက်(၅)ကျမ်းနှင့် ဘာသာပြန်ဘာသာရပ်ကိုဖြေဆိုရန်စာရင်းရှိ သံဃာတော် ၉ ပါးအနက်၊ ဝင်ရောက်ဖြေဆိုသံဃာ၈ပါးတို့က ဝင်ရောက်ဖြေဆိုလျက်ရှိကြပြီး၊ ပျက်ကွက်(၁)ပါးရှိကြောင်း သိရသည်။

 ထိုသို့ အစိုးရပထမပြန်စာမေးပွဲကျင်းပနေစဥ်တွင် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့် ဆရာတော်ကြီးများက ကြီးကြပ်တော်မူခဲ့ကြပြီး မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့်ကြီးကြပ်ဆရာတော်ကြီးများ၊ စာဖြေသံဃာတော်များအား ခမရ(၅၆၂)အခြေပြု ဗျူဟာမှူး(ယာယီ)ဗိုလ်မှူးကြီးစောနောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက  လှူဖွယ်ဝတ္ထုငွေများနှင့် အချိုရည်များဆက်ကပ် လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment