Pages

Pages

ပေါင်မြို့နယ်အတွင်း အခြေခံစာတတ်မြောက်ရေးအတွက် စာသင်သား(၅၇၀)ဦးတို့အား စာသင်ဝိုင်း (၃၈)ဝိုင်း ဖွင့်လှစ်သင်ကြားပေး

 



ပေါင်        ဧပြီ          ၇


မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာ ပြီးဆုံးသည်ထိ မသင်ကြားခဲ့ရသူများ၊ စာမတတ်သူ၊ ကျောင်းမနေသူများ ပညာရေးနှင့်ရင်နှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေးမြှင့်တင်နိုင်ရေးအတွက် ဧပြီလ(၆)ရက်နေ့မှစတင်ကာ ကျေးရွာအုပ်စုပေါင်း (၁၈)စုတို့၌ စာသင်ဝိုင်း (၃၈)ဝိုင်း ဖွင့်လှစ်ကာ စာသင်သား(၅၇၀)ဦးတို့အား သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အဆင့် စာတတ်မြောက်ရေးကြီးကြပ်မှုကော်မတီမှ သိရသည်။


စာသင်ဝိုင်းများ စတင်ဖွင့်လှစ်သင်ကြားရာသို့ မြို့နယ်အဆင့် စာတတ်မြောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်း‌အောင်နှင့် အဖွဲ့ဝင်များ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သ ည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။


ပေါင်မြို့နယ်အတွင်း အဆိုပါစာသင်ဝိုင်းများကို ဧပြီလ(၆)ရက်နေ့မှ မေလ(၈)ရက်နေ့အထိ ရက်ပေါင်း (၄၀)ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး နည်းပြဆရာ/ဆရာမ( ၇၆ )ဦး၊ကြီးကြပ်ဆရာမ( ၁၀ )ဦးတို့က သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment