မြဝတီတွင် အကြမ်းဖက်အုပ်စုများကို တပ်မတော်က လေကြောင်းမှ နှိမ်နင်းနေရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီတွင် အကြမ်းဖက်အုပ်စုများကို တပ်မတော်က လေကြောင်းမှ နှိမ်နင်းနေရ



မြဝတီ၊ ဧပြီ ၂၀

ယမန်နေ့ညက မြဝတီမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများက ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း ကုန်သွယ်ရေးတံတား အမှတ် ၂ နှင့် တပ်မဌာနချုပ် ၄၄ နေရာအား အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ တပ်မတော်က လေကြောင်းမှ နှိမ်နင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တပ်မတော်နှင့်အတူ BGF တပ်ဖွဲ့ဝင်များက အကြမ်းဖက်နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လက်နက်ကြီး ပစ်ကူများဖြင့် သောင်းကျန်းသူနှိမ်နင်းရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းများအရ မြဝတီမြို့အတွင်း၌ ပစ်ခတ်တိုက်ခိုက်မှုမရှိဘဲ အမှတ်( ၂ ) မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားတွင် အခြေပြုနေသည့် တပ်မတော်လုံခြုံရေးအဖွဲ့များအား အကြမ်းဖက်သောင်းကျန်းသူများက ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နေ့လည်ပိုင်းတွင် ပစ်ခတ်မှုများ ရပ်စဲသွားကြောင်း သိရသည်။

မြန်မာနိုင်ငံ မြဝတီမြို့နယ်တွင် အကြမ်းဖက်အုပ်စုများက တပ်မတော်ကို ပုန်ကန်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် ထိုင်းနိုင်ငံဘက်က နယ်စပ်တလျှောက် စောင့်ကြည့်ကြပ်မတ်မှုများ ဆောင်ရွက်နေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြလျက်ရှိသည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)