မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကာကွယ်ဆေးထိုးခြင်း အနုစိတ် စီမံချက်ရေးဆွဲနည်း (ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီတွင် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်မောင်အိုးက ပြည်သူကျန်းမာရေးဦးစီးဌာန၊ ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း ဌာနခွဲအနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း တာဝန်ခံများ အရည်အသွေးပိုမိုပြည့်ဝစွာ လုပ်ဆောင်နိုင်စေရန် အတွက်မြို့နယ်အဆင့်ဆင့်ပွားသင်တန်းများ ပေးရခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်း ဝန်ဆောင်မှုပေးရာတွင် မိမိနိုင်ငံ၏ ကာကွယ်ဆေးထိုးအစီအစဉ်နှင့် ကာကွယ်ဆေးကိုင်တွယ်သုံးစွဲခြင်း ညွှန်ကြားချက်များအား အစဥ်အမြဲရည်ညွှန်း ကိုးကားရမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါ သင်တန်းအား ကျန်းမာရေးဝန်ထမ်း (၅၆)ဦး တက်ရောက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်မောင်းအိုးနှင့် နည်းပြ(၃)ဦးတို့က ရည်မှန်း ဦးတည်သောရောဂါများနှင့် ကာကွယ်ဆေးများအကြောင်း၊ ကာကွယ်ဆေးများ အအေး လမ်းကြောင်း၊ ထိန်းသိမ်းထားရှိခြင်း သတိပြုရမည့် အချက်အလက်များအား ဧပြီ (၈) ရက်နေ့မှ (၁၁) ရက်နေ့ထိ ဆွေးနွေးသင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment