တပ်မတော်အနေဖြင့် အောင်ဇေယျစစ်ဆင်ရေးကဲ့သို့ စစ်ဆင်ရေးကြီးများ ဆောင်ရွက်ရန်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်အနေဖြင့် အောင်ဇေယျစစ်ဆင်ရေးကဲ့သို့ စစ်ဆင်ရေးကြီးများ ဆောင်ရွက်ရန်ရှိ



နေပြည်တော်၊ ဧပြီ ၁၅

တပ်မတော်အနေဖြင့် အကြမ်းဖက်နှိမ်နင်းရေးအတွက် အောင်ဇေယျစစ်ဆင်ရေးကဲ့သို့ စစ်ဆင်ရေးကြီးများ ဆောင်ရွက်သွားရန် ရှိကြောင်း တပ်မတော်သတင်းရင်းမြစ်များမှ သိရသည်။


တပ်မတော်က ကြီးမားတဲ့စစ်ဆင်ရေးတစ်ခုကို ဆင်နွှတိုင်း အမည်နာမတစ်ခုပေးလေ့ရှိကြောင်း၊ ဥပမာ ရွှေလင်ယုန်စစ်ဆင်ရေး လက်ရှိအောင်ဇေယျစစ်ဆင်ရေးလိုပေါ့၊ ဒေသအပေါ်ကြည့်ပြီးပေးခြင်းဖြစ်ကြောင်း၊ အဲ့လိုမျိုးအမည်ပေးပြီး ဆင်နွဲတဲ့စစ်ဆင်ရေးမျိုးဆို တပ်မတော်ဟာ ကြည်း၊ ရေ၊ လေအင်အားကို အများအပြားထုထ်သုံးကြောင်း၊ ရည်မှန်းချက်ပြီးမြောက်အောင်လည်း ဆောင်ရွက်ကြောင်း၊ မကြာခင် နပခဂွင်နဲ့ ရမခဂွင်တို့မှာ ဗန္ဓုလစစ်ဆင်ရေးနဲ့ ဗလမင်းထင်စစ်ဆင်ရေးလို နာမည်မျိုးတွေနဲ့ စစ်ဆင်ရေးတွေ လုပ်မယ်လိုယူဆရပါကြောင်း ရေးသားဖော်ပြထားသည်။

မြဝတီမြို့နယ်အတွင်း KNU/KNLA/KLTA/PDF အကြမ်းဖက်အဖွဲ့များက နယ်မြေခံ တပ်စခန်းများကို စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အောင်ဇေယျစစ်ဆင်ရေးအမည်ဖြင့် နှိမ်နင်းနေရခြင်းဖြစ်သည်။

မန္တလေးမြို့၊ မြို့တော်ဝန်မဏ္ဍပ်အား NUG/PDF အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ သတင်းထုတ်ပြန်ချက်တွင် "အကြမ်းဖက်လုပ်ရပ်များကိုလည်း ဒီထက် ပိုမို စောင့်ကြည့်တာတွေ၊ ပိုမိုပြီး နှိမ်နင်းတာတွေကို ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဟု ထည့်သွင်းပြောကြားခဲ့သည်။


#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)