နေပြည်တော်၊ ဧပြီ ၂
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ဌာနဆိုင်ရာများအလိုက် သင်္ကြန်ယိမ်းအဖွဲ့များဖြင့် သင်္ကြန်အကအလှများ ဇာတ်တိုက်လေ့ကျင့်နေကြပြီဖြစ်သည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှလည်း “ခါသင်္ကြန် အဆို အက” အစီအစဉ်ကို ယခင်နှစ်များ နည်းတူ တင်ဆက်နိုင်ရေး သင်္ကြန်ယိမ်းအဖွဲ့များဖြင့် ရိုက်ကူးရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီကိုယ်စားပြု သင်္ကြန်ယိမ်းအဖွဲ့များသည် နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ လာရောက်၍ “ဖွံ့ဖြိုးဝေစည် နေပြည်တော်ကောင်စီ”၊ “ပိတောက်လက်ဆောင်” နှင့် “မြူမှောင်ဝေကင်း” တေးသီချင်းသုံးပုဒ်ဖြင့် ရိုက်ကူးခဲ့ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်သို့လည်း ဝင်ရောက်ကြည့်ရှု လေ့လာကြသည်။
ထို့ပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဝန်ထမ်း ၂၀ ပါဝင်သည့် ယိမ်းအဖွဲ့များသည် ၎င်းတို့၏ဌာနတွင် သင်္ကြန်တေးသီချင်းဖြင့် အကတိုက်လေ့ကျင့်လျက်ရှိရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ သွားရောက်သတင်းရယူရိုက်ကူးခဲ့ကြောင်း သိရသည်။
#News
No comments:
Post a Comment