လားရှိုးမြို့နယ်အတွင်းတွင် ပုဇင်းရင်ကွဲကောင်များ ပေါ်နေပြီဖြစ်ပြီး တစ်ပြည်လျှင် ခြောက်ထောင်ကျပ်ဈေးဖြင့် ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့နယ်အတွင်းတွင် ပုဇင်းရင်ကွဲကောင်များ ပေါ်နေပြီဖြစ်ပြီး တစ်ပြည်လျှင် ခြောက်ထောင်ကျပ်ဈေးဖြင့် ရောင်းချ




လားရှိုး ဧပြီ ၉


ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ လားရှိုးမြို့နယ်အတွင်းတွင် ပုဇင်းရင်ကွဲကောင်များ စတင်ပေါ်နေပြီဖြစ်ပြီး ဒေသခံပုဇင်းရောင်းချသူများအနေဖြင့် တစ်ပြည်လျှင် ခြောက်ထောင်ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

ပုဇင်းရင်ကွဲများကို ချောင်းအနီးတစ်ဝိုက်တွင် ဖမ်းကြရပြီး ဖမ်းမိသည့်ပုဇင်းကောင်များကို ပေါင်းကာ ဈေးကွက်အတွင်းသို့ ပြည်ချိန်ဖြင့် ပြန်လည်ရောင်းချကြခြင်းဖြစ်ကြောင်း သိရသည်။

“ ဒီတစ်နှစ်တော့ ပုဇင်းတစ်ပြည်ကို ခြောက်ထောင်ကျပ်ထိဈေးရှိတယ်။ အရင်နှစ်တွေတုန်းကတော့ တစ်ပြည်လေးထောင်လောက်ပဲ ဈေးရှိတာပေါ့။ဒီတစ်နှစ်တော့ ဈေးတက်သွားတယ်။” ဟု ပုဇင်းရောင်းချသူတစ်ဦးကဆိုသည်။

လားရှိုးမြို့နယ်တွင် ပုဇင်းကို စဉ့်အင်၊ နမ့်ပေါင်ကျေးရွာအနီးပတ်ဝန်းကျင်ရှိ ချောင်းပတ်ဝန်းကျင်တို့တွင် အများဆုံးတွေ့ရလေ့ရှိကြောင်း သိရသည်။


စိုင်းထွန်း (လားရှိုး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)