မြိတ်မြို့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ အမှုတရားခံအား စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ အမှုတရားခံအား စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု


မြိတ်၊ ဧပြီ   ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ အမှုမှ တရားခံအား စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့ကြသည့် မြိတ်ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့မရဲတပ်ဖွဲ့စခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များအား ယနေ့နံနက်(၁၀)နာရီက ပုလဲရတနာခန်းမတွင် ဂုဏ်ပြု ဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်ဂုဏ်ပြုခဲ့သည်။

ဂုဏ်ပြုချီးမြှင့်ခြင်းသည် မြိတ်မြို့မရဲစခန်း၏ (ပ)၂၉/၂၀၂၄၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ အမှုမှ တရားခံအား သက်သေခံ ပစ္စည်း အမေရိကန်နိုင်ငံလုပ် လက်ပစ်ဗုံး(၁)လုံး၊ WY စိတ်ကြွရူးသွပ်ဆေးပြား (၂၁၅၀)ပြား စသည့် သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် မြိတ်ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့မရဲတပ်ဖွဲ့စခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များမှ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သောကြောင့် ဂုဏ်ပြုခြင်းဖြစ်သည်။

ဂုဏ်ပြုချီးမြှင့်ပွဲတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် မြင့်ဇော်မိုးက ဂုဏ်ပြုအမှာစကားပြောကြားပြီး  အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ အမှုမှ တရားခံအား စွမ်းစွမ်းတမံဖော်ထုတ်ဖမ်းဆီးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၅၀)နှင့် ဂုဏ်ပြုမှတ်တမ်းများကို  ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်က ပေးအပ်ချီးမြှင့်သည်။

ထို့နောက် မြိတ်လေတပ်စခန်းဌာနချုပ် ဒုတိယဌာနချုပ်မှူး၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးတို့က တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြိတ်ခရိုင် ရဲတပ်ဖွဲ့တို့မှ ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေ(၁၅)သိန်းကျပ်နှင့် ဂုဏ်ပြုမှတ်တမ်းများကို တရားခံအား စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား အသီးသီး ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။


ခိုင်ထူး 

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)