နောင်ချိုမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို






နောင်ချို ဧပြီ ၄


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က တောင်ရပ်ကွက် မဏိရတနာသာသနာ့ဗိမာန်တော်တွင် စတင်ဖြေဆိုလျက်ရှိသည်။


အစိုးရပါဠိပထမပြန်စာမေးပွဲတွင် နောင်ချိုမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များနှင့် ဘုန်တော်ကြီးကျောင်းများမှ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်းနှင့် ပထမကြီးတန်းတို့တွင် စာရင်းပေးသွင်းထားသော ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၄၂ ပါးရှိပြီး ဖြေဆို ၁၀၉ ပါးနှင့် ပျက်ကွက် ၃၃ ပါးရှိကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။


အဆိုပါ ပါဠိပထမပြန်စာမေးပွဲအား စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရန်အတွက် ဩဝါဒစရိယဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးဆောင်ဆရာတော်များက ကြီးကြပ်လျက်ရှိပြီး ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ၇ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် စာဖြေသံဃာတော်များအား အလှူရှင်များမှ နေ့ဆွမ်းဆက်ကပ်ခြင်း၊ အချိုရည်များ ဆက်ကပ်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။


ထွေးငယ်(နောင်ချို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)