မုဒုံ ဧပြီ ၉
မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများတွင် နွေရာသီကာလ သောက်သုံးရေများ ပြတ်လပ်မှုမရှိစေရန်အတွက် ယမန်နေ့က ပင်လယ်ဆိပ်ကမ်းအနီးအနားရှိ ကတုံးပေါ်ကျေးရွာနေ ပြည်သူများထံ သောက်သုံးရေများကို သွားရောက်လှူဒါန်းဖြန့်ဝေပေးသည်။
သောက်သုံးရေများ သွားရောက်လှူဒါန်းရာတွင် မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးသတ်ရေသည်ယဥ်ဖြင့် ကျေးရွာရှိ ဘုန်းကြီးကျောင်း ရေလှောင်ကန်နှင့် အိမ်ခြေ (၈၀) အား ရေဂါလန် ၁၆၀၀ ကို အိမ်တိုင်ရာရောက် အခမဲ့သွားရောက်လှူဒါန်းခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြားရပ်ကွက်/ ကျေးရွာများတွင်လည်း သောက်သုံးရေများ အခက်ခဲရှိပါက ဆက်လက်သွားရောက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ
https://t.me/MyanmarNationalPost

No comments:
Post a Comment