နတ်မောက်မြို့နယ် မြို့မဈေးကြီးသာယာလှပစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် မြို့မဈေးကြီးသာယာလှပစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံကြည့်ရှုစစ်ဆေး





နတ်မောက် ဧပြီ ၁


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့မဈေးကြီးသာယာလှပစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထိုသို့လိုက်လံစစ်ဆေးခဲ့ရာ မြို့မဈေးကြီး မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး မီးသတ်ရေစုကန်အတွင်း ရေဖြည့်တင်ထားရှိမှုရှိ/မရှိ၊ မီးချိတ်မီးကပ်၊ လှေကား၊ သဲ၊ ရေပုံးများ ပြည့်စုံစွာဆောင်ရွက်ထားရှိမှုရှိ/မရှိ စစ်‌ဆေးခြင်းနှင့် ယခုနှစ်အတွင်း နတ်မောက်မြို့ မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးအရာရှိမှ အသိပညာပေးရှင်းလင်းပြောကြားခြင်းနှင့် ဈေးအတွင်းရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ဌာနဆိုင်ရာအကြီးအကဲများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။


လှဝင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)