လေးမျက်နှာ ဧပြီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အမှတ်(၁)ရပ်ကွက်၊ ဓမ္မဗိမ္မာန် (၂)ထပ်ဓမ္မာရုံတွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲအား ဧပြီ ၃ ရက် နေ့လယ် ၁၂ နာရီအချိန်မှ စတင်ကျင်းပပြုလုပ်ခဲ့သည်။
စာမေးပွဲပထမနေ့တွင် ပထမငယ်တန်းကို စာရင်းရှိ(၂၀)ပါး၊ ဖြေဆို(၁၉)ပါးနှင့် ပျက်ကွက်(၁)ပါး ရှိကြောင်း၊ ပထမလတ်တန်းကို စာရင်းရှိ(၁၁)ပါး၊ ဖြေဆို(၈)ပါးနှင့် ပျက်ကွက်(၃)ပါးရှိကြောင်း၊ ပထမကြီးတန်းကို စာရင်းရှိ(၈)ပါး၊ ဖြေဆို(၈)ပါးနှင့် ပျက်ကွက်မရှိကြောင်း၊ အခြေပြုမူလတန်းကို စာရင်းရှိ(၂၅)ပါး၊ ဖြေဆို(၁၈)ပါးနှင့် ပျက်ကွက်(၇)ပါးရှိကြောင်းသိရသည်။ အဆိုပါစာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ(၇)ရက် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment