ချောင်းဆုံ ဧပြီ ၉
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ပူပြင်းခြောက်သွေ့သော နွေရာသီ၌ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ကွမ်ရိုက်ကျေးရွာ ရေလှောင်ကန်သို့ သောက်သုံးရေများ (အခမဲ့) သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သောက်သုံးရေများ ဖြန့်ဝေပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်လင်ဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့နယ်မီးသတ်ဦးစီးဌာန ရေသယ်ယာဉ် (၄) စီးနှင့် မုဒွန်းအရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ရေသယ်ယာဉ် (၁) စီး စုစုပေါင်း ရေသယ်ယာဉ် (၅) စီးတို့ဖြင့် သောက်သုံးရေဂါလန် (၁၂၈၀၀) ကို ကွမ်ရိုက်ကျေးရွာရှိ ရေလှောင်ကန် (၂) ကန်သို့ သွားရောက်ပို့ဆောင်ကာ ရေလှောင်ကန်များမှတဆင့် ကျေးရွာအတွင်းရှိနေအိမ်များသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment