တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြို့နယ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြို့နယ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်




ထားဝယ် ၊   ဧပြီ ၂၇

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာဗိုလ်လုပွဲသို့တက်ရောက်လာသော အမျိုးသား (၃) ယောက်တွဲ မြိတ်မြို့နယ်အသင်းနှင့် သရက်ချောင်းမြို့နယ် အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များ၊ အားကစားသမားနှင့်အားကစား ဝါသနာရှင်များ က ကြည့်ရှုအားပေးရာ သရက်ချောင်းမြို့နယ်အသင်း က အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးကြီးမြင့်ထွန်းက ပွဲစဉ်တစ်လျှောက် ပါဝင်ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အားဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အမျိုးသား (၂) ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် သရက်ချောင်းမြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက အမျိုးသမီး (၂) ယောက်တွဲ ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် လောင်းလုံးမြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က အမျိုးသား(၃) ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် မြိတ်မြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အမျိုးသမီး (၃) ယောက်တွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းအား လည်းကောင်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က အမျိုးသား (၂) ယောက်တွဲပြိုင်ပွဲတွင်ပထမဆုရရှိသည့် မြိတ်မြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီမြို့နယ်အသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်က အမျိုးသား (၃) ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် သရက်ချောင်းမြို့နယ် အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက အမျိုးသမီး(၃) ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့်တနင်္သာရီမြို့နယ် အသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမျိုးသား(၂)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် မြိတ်မြို့နယ်အသင်း၊ အမျိုးသမီး(၂)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီမြို့နယ်အသင်း၊ အမျိုးသား(၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် သရက်ချောင်းမြို့နယ်အသင်း၊ အမျိုးသမီး(၃)ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် တနင်္သာရီမြို့နယ်အသင်းများအားတံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်သည်။

တနင်္သာရီတိုင်းဒေသကြီး ပိုက်ကျော်ခြင်းဆပ်ကော်မတီဥက္က၊ SPG ဆောက်လုပ်ရေးကုမ္ပဏီဥက္က ဦးပီတာက ပထမဆုရရှိ သည့်အသင်းများအားငွေကျပ်(၁)သိန်း၊ ဒုတိယဆုရရှိသည့် အသင်းများအား ငွေကျပ် (၅) သောင်းစုစုပေါင်း (၆) သိန်းချီးမြှင့်ခဲ့ ပြီးအားကစားနှင့်ကာယပညာဦးစီးဌာနက ဆုရရှိသည့် အသင်းများအား ဆုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)