မြန်အောင်မြို့ စိန်ဝတ်မှုံရပ်ကွက်တွင် သင်္ကြန်အတက်နေ့၌ (၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်မြို့ စိန်ဝတ်မှုံရပ်ကွက်တွင် သင်္ကြန်အတက်နေ့၌ (၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ


မြန်အောင် ဧပြီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ စိန်ဝတ်မှုံရပ်ကွက်မိသားစုများ၏ (၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သင်္ကြန်အတက်နေ့တွင် စိန်ဝတ်မှုံ(၁)လမ်း ဘုရားမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။  

စိန်ဝတ်မှုံရပ်ကွက် မိသားစုများ၏ (၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သင်္ကြန်အတက်နေ့နံနက်တွင်ကျင်းပပြီး ဘုရားမဏ္ဍပ်၌ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား နံနက်အရုဏ်မုန့်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်း၍ တရားတော်နာယူခဲ့ကြသည်။

ယမန်နေ့ နေ့လယ် (၁)နာရီတွင် မြို့ပေါ်ကျောင်းတိုက်အသီးသီးရှိ သံဃာတော်အရှင်သူမြတ်အပါး (၁၃၀)ကျော်နှင့် ဧည်ပရိတ်သတ်တို့အား အချိုရည်နှင့် သောက်ရေသန့်တို့ လှူဒါန်းခဲ့ကြပြီး ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့မှ လမ်းစဥ်အတိုင်း ဒေသစာရီကြွချီရာတွင် ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ်(မြန်အောင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)