မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများဖြင့် သင်ကြားပို့ချပေးနေမှုများကို လိုက်လံကြည့်ရှုအာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများဖြင့် သင်ကြားပို့ချပေးနေမှုများကို လိုက်လံကြည့်ရှုအာ



ချမ်းအေးသာစံ ဧပြီ ၉


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သတ်မှတ်စာသင်ဝိုင်းများတွင် သင်ကြားပို့ချပေးနေမှုများကို ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံကြည့်ရှုအားပေးကြသည်။


ထိုသို့ လိုက်လံကြည့်ရှုအားပေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အောင်မြေသာစံ မြို့နယ်ရှိ အမှတ်(၂၉) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် ချမ်းမြသာစည်မြို့နယ်ရှိ အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များရှိ စာသင်ဝိုင်းနေရာများသို့ ရောက်ရှိပြီး တက်ရောက်သင်ယူနေကြသူများ၊ နည်းပြများနှင့် ကြီးကြပ်များအား ရင်းနှီးစွာ နှုတ်ဆက်အားပေးကာ စာသင်သားများအတွက် စာရေးကိရိယာများ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)