သံတောင်ကြီးဒေသထွက် မျှစ်ခြောက်များဝယ်လိုအားကောင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတောင်ကြီးဒေသထွက် မျှစ်ခြောက်များဝယ်လိုအားကောင်း



သံတောင်ကြီး ၊  ဧပြီ  ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့် အားလျော်စွာသစ်၊ ဝါးများ သဘာဝအတိုင်းပေါက်ရောက်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထ ပေါက်သည့် မျှစ်များကို တစ်နှစ်တာပတ်လုံးအတွက် စားသုံးနိုင်ရန်မျှစ်ခြောက်များပြုလုပ်ကြသည်။ ယခုအချိန်တွင် မျှစ်စိုများ ရှားပါးလာပြီဖြစ်သည့်အတွက် မျှစ်ခြောက်များဝယ်လိုအားကောင်းကြောင်း သိရသည်။

မျှစ်ခြောက်များ တစ်နှစ်တာလုံးတာရှည်ခံစားသုံးနိုင်ရန် မျှစ်စိုများကိုပါးပါးခြစ်ကာ မနူးတနူးပြုတ်ပြီး အရည်စစ်၍ထင်းမီး(သို့မဟုတ်)နေနှင့် အခြောက်ခံကာလုံခြုံစွာ သိုလှောင်ထားရှိရသည်။ မျှစ်ခြောက်များ ကိုကရင်ရိုးရာတာဟဲဖိုး၊ တာလပေါဟင်းများ ချက်ပြုတ်ရာတွင် အဓိကအသုံးပြုသည်သာမက အခြားသောသီးနှံအသားဟင်းများနှင့်လည်း ရောချက်ရာတွင် အလွန်အရသာကောင်းသည့်အတွက် သံတောင်ကြီးမြို့ပေါ်တွင် သာမကတောင်ငူ၊ ရန်ကုန်နှင့်အခြားနေရာဒေသများက မှာယူတင်ပို့ရောင်းချကြသည်။

အဆိုပါ မျှစ်ခြောက်တစ်ပိဿာကို ကျပ်(၁၅၀၀၀)မှ ကျပ်(၁၆၀၀၀)အထိ ရရှိသည့်အတွက် မျှစ်ခြောက် လုပ်ကိုင်ရောင်းချသူများအတွက် အပိုဝင်ငွေရရှိကြောင်း သိရသည်။


နော်နော်မူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)