ဆေးကုသမှုခံယူလျက်ရှိသော နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် ဆရာတော်ကြီးအား မန္တလေးတိုင်းဝန်ကြီးချုပ် သွားရောက်ဖူးမြော်ပြီး ကျန်းမာရေးအခြေအနေများ မေးမြန်းလျှောက်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆေးကုသမှုခံယူလျက်ရှိသော နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် ဆရာတော်ကြီးအား မန္တလေးတိုင်းဝန်ကြီးချုပ် သွားရောက်ဖူးမြော်ပြီး ကျန်းမာရေးအခြေအနေများ မေးမြန်းလျှောက်ထား


ချမ်းအေးသာစံ  ၊  ဧပြီ  ၂၀

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ နှလုံးအထူးကြပ်မတ်ဆောင်တွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ နိုင်ငံတော်ဩဝါဒါစရိယ ၊မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ (သက်တော် ၉၂ နှစ်၊  သိက္ခာတော် ၇၂ ဝါ)အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ဆရာတော်ကြီးအား ဖူးမြော်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က လှူဖွယ်ပစ္စည်းများနှင့် အာဟာရဖြည့်စွက်များလှူဒါန်းပြီး ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီး၏ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆရာတော်ကြီးအား ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် လစ်ဟင်းမှုမရှိစေရန် အထူးကြပ်မတ်ဆောင်ရွက်ပေးရေးတို့ကို တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် ဆရာတော်ကြီးမှာ နှလုံးအထူးကြပ်မတ်ဆောင်၊ အထူးသီးသန့်ခန်းတွင် သီတင်းသုံး ကာလိုအပ်သည့်ဆေးဝါးကုသမှုများခံယူလျက်ရှိပြီး ဆရာတော်ကြီး၏ကျန်းမာရေးစောင့်ရှောက်မှုများနှင့်ပတ်သက်၍ ဆေးရုံအုပ်ကြီးဒေါက်တာ လှဌေးမင်း၊ အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာအေးအေးချစ်၊ အစာအိမ်နှင့် အူလမ်းကြောင်းအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာဖြူဖြူမြင့်တို့အဖွဲ့က အနီးကပ်ကြပ်မတ်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သတင်းရရှိသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)