ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်

 




ကလော ဧပြီ ၅


အခြေခံလူတန်းစားများ အသက်မွေးဝမ်းကြောင်းတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ၁/၂၀၂၄ အခြေခံကွန်ပျူတာသင်တန်းကို အခမဲ့သင်ကြားပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က အခြေခံလူတန်းစားများ အသက်မွေးဝမ်းကြောင်းတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်နှင့် ယနေ့ခေတ်လူငယ်လူရွယ်များ အသိပညာများအပြင် အတက်ပညာကိုပါ လက်တွေ့ကျကျအသုံးချတက်မှသာလျှင် မိမိတို့ဘဝရပ်တည်ချက်ခိုင်မာလာစေရန်၊ ပတ်ဝန်းကျင်အတွင်း လူနေမှုဘဝအဆင့်အတန်းမြင့်မားတိုးတက်လာစေရန်အတွက် သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း စသည်တို့ကို သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ကလောမြို့ပေါ်ရှိ သင်တန်းသား/သူ ၁၀ ဦးတို့ကို ၂၀၂၄ ခုနှစ် မတ် ၁ ရက်နေ့မှစ၍ ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့အထိ ၃၅ ရက်ကြာ စာတွေ့လက်တွေ့အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)