ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်အကြိုရက်မှစတင်၍ ခရီးသွားဧည့်သည် တစ်သိန်းကျော် ဝင်ရောက်လည်ပတ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်အကြိုရက်မှစတင်၍ ခရီးသွားဧည့်သည် တစ်သိန်းကျော် ဝင်ရောက်လည်ပတ်လျက်ရှိ


ညောင်ဦး၊ ဧပြီ ၁၃

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သင်္ကြန်ကာလရုံးပိတ်ရက်ကာလအတွင်း လာရောက်တည်းခိုနေထိုင်သူ ခရီးသွားဧည့်သည်များ များပြားသောကြောင့် သင်္ကြန်အကြိုရက်မှစတင်၍ ဟိုတယ်၊ မိုတယ် ၉၀ လုံးပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ) တာဝန်ရှိသူများထံက သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများက ရှေးဟောင်းနံရံဆေးရေးပန်းချီများ၊ ကနုတ်ပန်း၊ ကျောက်ဆစ်ပန်း၊ အင်္ဂတေများအား စိတ်ဝင်တစားလေ့လာမှု များပြားလာကြောင်း သိရသည်။ ခရီးသွားဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြှော်နိုင်ရေးအတွက် ပြည်တွင်းဧည့်လမ်းညွှန်များ၊ ဒေသခံများကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှလည်း မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရေးအတွင် လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လေကြောင်းခရီးဖြင့် လာရောက်ကြခြင်း၊ ကိုယ်ပိုင်ကားများ၊ ခရီးသွားလုပ်ငန်းကားများဖြင့် လာရောက်လျက်ရှိကြောင်း၊ ခရီးသွား ဘုရားဖူးဧည့်သည်အဝင်များလျက်ရှိပြီး အီးဗိုက်၊ မြင်းလှည်၊ တုတ်တုတ်(ခေါ်)မီနီအိုးဝေများ၊ တိုးကားများ အငှားလိုက်ရပြီး ဝင်ငွေကောင်းနေကြကာ စားသောက်ဆိုင်များလည်း ဘုရားဖူးများခြင်းကြောင့် ရောင်းအားကောင်းနေကြပြီး နေ့ချင်းပြန် ဘုရားဖူးခရီးသွားများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများတွင် တည်းခိုနေထိုင်သူများဖြင့် ခရီးသွား တစ်သိန်းကျော် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။


ဒီပါလင်း

#News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)