Pages

Pages

ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ မုဒိတာစာဖတ်ဝိုင်း ကျင်းပ




ရွှေတောင် ဧပြီ ၁၀

ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက်ပိုင်းက စာရေးဆရာ အောင်သင်း၏" မျိုးဆက်သစ်ရဲ့မဟာမိတ်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club ဥက္ကဌ စာရေးဆရာမကြီး ဒေါ်ခင်ယုနိုင် ( အေပရာယ်ယုနိုင်)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်နွေးဒါလီနိုင်က ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာပေမှဗဟုသုတများရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုသည့်အလေ့အကျင့်များရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းမှ စာရေးသူများတိုးပွားလာစေရန်စသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ အောင်သင်း ရေးသားထားသည့်" မျိုးဆက်သစ်ရဲ့မဟာမိတ်" စာအုပ်မှ ကြီးပွားရေးအကျဥ်းချုပ်၊ ဥာဏ်နဲ့အသက်၊ ကျေးလက်ကျောင်းဆရာလေးတွေ၊ စိတ်အနေစိတ်ထား၊ မျိုးဆက်သစ်ရဲ့မဟာမိတ်၊ ကိုယ့်ကိုယ်ကိုယ်ဝေဖန်ခြင်း၊ကျွန်စိတ် သခင်စိတ်စသည့် စာအုပ်ပါအကြောင်းအရာများကို ဒေါ်ခင်ယုနိုင် ( အေပရယ်ယုနိုင်)၊ဦးဇော်မင်း ( အငြိမ်းစား - ပညာရေး)၊ ဦးမြင့်ဦး ( မိတ္တ- ရွှေတောင်)၊ ဦးအုန်းမောင် ( မောင်အေးငြိမ်း - သရက်) တို့မှ ဦးဆောင် ဆွေးနွေးခဲ့ကြပြီးစာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club အသင်းဝင်များ၊ မှ သက်ဆိုင်ရာ ခေါင်းစဉ်ကဏ္ဍများအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယဦးစီးမှူးဒေါ်နွေးဒါလီနိုင်တို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်၊ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသခဲ့သည်။အဆိုပါ စာဖတ်ဝိုင်းများကို လစဉ်ပုံမှန်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment