Pages

Pages

ရထားလမ်းမိုင်တိုင်အမှတ်-၁၂၅/၂ နှင့် ၁၂၅/၃ ကြား တံတားအမှတ် ၇၉ အနီး(လှည်းကူးလမ်း)အား PDF အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီး

 


လှည်းကူး၊ ဧပြီ ၁၀

သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာအထွက် နန်းတောင်းကြီးကျေးရွာ ရထားလမ်းမိုင်တိုင်အမှတ်-၁၂၅/၂ နှင့် ၁၂၅/၃ ကြား တံတားအမှတ် ၇၉ အနီး(လှည်းကူးလမ်း)အား ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ် အချိန်ခန့်က PDF နှင့် ပူးပေါင်း အကြမ်းဖက်အဖွဲ့များက မိုင်းခွဲဖျက်ဆီးခဲ့၍ ရထားတွဲအချို့ လမ်းချော်ကျမှုဖြစ်ကာ ရပ်တန့်ခဲ့ရကြောင်း တပ်မတော်သတင်းရင်းမြစ်များမှ သိရသည်။

လုံခြုံရေးအဖွဲဝင်များမှ သွားရောက်စစ်ဆေးစဉ် မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် ရထားသံလမ်းအဆက် ပြုတ်ထွက်ကာ ရထား မိုင်းကာတွဲ(၁)တွဲ၊ ရထားစက်ခေါင်းတွဲ(၁)တွဲ၊ နားနေတွဲ(၁)တွဲ၊ ကျောက်ရထားတွဲ(၁)တွဲ ပေါင်း(၄)တွဲ လမ်းဘေးကျ လမ်းချော်၍ ရထားကျောက်တင်တွဲ(၁)တွဲမှာ သံလမ်းပေါ်လမ်းချော်တင်နေကြောင်း၊ ကျန်ကျောက်ရထားတွဲ(၁၅)တွဲနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။


Photo - MMR 

#News

No comments:

Post a Comment