Grade – 9 လူရည်ချွန် ကျောင်းသား ကျောင်းသူများ ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Grade – 9 လူရည်ချွန် ကျောင်းသား ကျောင်းသူများ ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိ




ညောင်ဦး  ၊  ဧပြီ   ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ၂၀၂၄ ခုနှစ်၊ ပုဂံလူရည်ချွန်စခန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ လူရည်ချွန် ကျောင်းသား/ ကျောင်းသူများ ယမန်နေ့ နံနက် ၁၁ နာရီက ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိလာခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံလူရည်ချွန်စခန်းသို့ မန္တလေးတိုင်းပညာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင် ဦးဆောင်ပြီး ကြီးကြပ် ဆရာ/ မ ၁၆ ဦး၊ လူရည်ချွန်ကျောင်းသား (၇၀) ဦး၊ လူရည်ချွန်ကျောင်းသူ (၇၀) ဦးတိုသည် ပုဂံလူရည်ချွန်စခန်းမှူး မန္တလေးတိုင်းပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း ဦးဆောင်သော Grade-9 လူရည်ချွန် ကျောင်းသား ကျောင်းသူများ နေပြည်တော်မှ ညောင်ဦးမြို့သို့ မော်တော်ယာဉ်တန်းဖြင့် ရောက်ရှိလာရာ လူရည်ချွန် ကျောင်းသား/ သူများ ကြိုဆိုရေးမုခ်ဦးတွင် ပညာရေးဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့ နယ်စီမံအဖွဲ့ဝင်များ ညောင်ဦးခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင်/ မြို့နယ်မှ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများက အိုးစည်၊ဒိုးပတ်တို့ဖြင့် လူရည်ချွန် ကျောင်းသား/ ကျောင်းသူများအား သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြကြောင်း သိရပြီး လူရည်ချွန် ကျောင်းသား/ ကျောင်းသူများ ပုဂံလူရည်ချွန်စခန်းတွင် စိတ်အေးချမ်းသာစွာ အပန်းဖြေရင်း ပုဂံဒေသရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းဗိသုကာလက်ရာများ၊ သမိုင်းအထင်ကရနေရာများ၊ ပတ်ဝန်းကျင်ဒေသများကို အုပ်ချုပ်သူ ဆရာ/ မများနှင့်အတူ လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)