Pages

Pages

KIA အကြမ်းဖက်အဖွဲ့က ခလရ ၁၄၂ အတွင်းမှ ငွေကျပ် သိန်းပေါင်းများစွာ ခိုးယူ


လွယ်ဂျယ်၊ ဧပြီ ၁၀

KIA  အကြမ်းဖက်အဖွဲ့က လွယ်ဂျယ်မြို့ရှိ မြို့စောင့်တပ် ခလရ ၁၄၂ အတွင်းမှ ငွေကျပ် သိန်းပေါင်းများစွာ ထည့်သွင်းထားသော သေတ္တာများ ခိုးယူသွားကြောင်း သိရသည်။

KIA အကြမ်းဖက်အဖွဲ့က ခိုးယူသွားသော ငွေမှာ  သိန်းပေါင်း ၁ သောင်းဝန်းကျင်ရှိနိုင်သည်ဟု KIA အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ပြုလုပ်နေသည့် ပြည်ဖျက်မီဒီယာများတွင် ဖော်ပြထားသည်။

ဧပြီလ ၉ ရက်နေ့ က ခလရ ၁၄၂ တပ်အတွင်းမှ တပ်မတော်သားများနှင့် Non- CDM ဝန်ထမ်းများ တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့ရကြောင်း သတင်းများထွက်ပေါ်လာပြီး KIA  အကြမ်းဖက်အဖွဲ့က တပ်အတွင်း ဝင်ရောက်၍ ငွေကျပ် သိန်းပေါင်းများစွာ ခိုးယူသွားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်သားများ၏ သတင်းစားမျက်နှာများတွင် "လွယ်ဂျယ်မြို့ ရန်သူလက် ကျရောက်တော့ ဘဏ်ထဲက ပြည်သူအပ်နှံငွေတွေကို KIA က ဖောက်ထွင်းခိုးယူကြပါတယ်" ဟု ရေးသားဖော်ပြမှုများကို တွေ့ရသည်။


#News

No comments:

Post a Comment